၀၄၄

1.8K 373 15
                                    

-Unicode-

သူသည် ဇာတ်ခုံအလယ်၌ ရပ်တန့်လိုက်အပြီး သူ့မျက်နှာကို အရှေ့သို့ ဖျတ်ခနဲလှည့်လိုက်သည်နှင့်
ထင်ပေါ်ကျော်ကြားလှသည့် ကျန်းနျန်ဇီဟာ မွေးဖွားသန့်စင်လာတော့၏။

လူပရိတ်သတ်တို့သည် ရင်သပ်ရှုမောဖွယ် ပင့်သက်ရှိုက်မိကြပြီး အကြည့်များဟာ
သံမှိုစွဲကပ်ထားသကဲ့သို့ သူ့ထံပါး တဝဲဝဲလည်လည်ရှိနေကြ၏။

ကျန်းလျန်ဟာ ပွဲကြည့်ပရိသတ်များ၏ အကြည့်များအောက်တွင် တည်ငြိမ်စွာ ရပ်တည်လျက်ရှိသည်။ သူဟာ နှုတ်ခမ်းထောင့်စွန်းများကို ကွေးညွှတ်လိုက်ပြီး အပြုံးနုနုလေးတစ်ခု ဆင်မြန်းလိုက်လေ၏။ ခန်းမဆောင်တစ်ခုလုံးကို အလင်းဖျော့ဖျော့လေး ထုတ်လွှတ်ပေးနေသည့် မီးအိမ်လေးတစ်ခုအလားပင်။

သူဟာ ပရိတ်သတ်အား ကျို့နွံစွာ အရိုအသေပြုလိုက်သည်။ သူဟာ လှိုင်းပြေးဝတ်ရုံလက်ရှည်များကို စက်ဝန်းသဏ္ဌာန် လှပစွာ မြှောက်တင်လျက်သား တစ်ဖက်သို့ သေသပ်စွာ လှည့်လိုက်သည်။ ဆင်မြန်းထားသော ဝတ်ရုံအနားသတ်စလေးများ လှုပ်ယိမ်းသွားသည်မှာ ပန်းလေးတစ်ပွင့် ပွင့်လန်းလာသည့်နှယ် ဆင်တူလျက်သား။
ထို့နောက် သူသည် တေးဂီတသံများကြားဝယ်
တင့်တယ်ကြော့ရှင်းစွာ စတင်ကခုန်တော့သည်။

ဖုန်းကျော့ကျွင်း၏ မျက်လုံးများက အရောင်မှိုင်းသွားသည်။
ကျန်းလျန်၏ ပုံရိပ်ကလေး ရွေ့လျားသွားသည်နှင့်အညီ
သူသည် စွံပလွံသီးများကိုသာ ဖိဝါးနေပြီး အကုန်လုံးကို မျိုချပစ်လိုက်သည်။

စုန့်ချီလည်း ကြည့်ရှုရသည်မှာ အလွန်စိတ်ပါဝင်စားလာသည်ဖြစ်ရာ မရောင့်ရဲနိုင်တော့ဘဲ နေရာထိုင်ခင်းတစ်ခုကိုရှာ၍ ဆက်ကြည့်ချင်လှသည်။ ဤမြင်ကွင်းများမှာ ပုံရိပ်ယောင်များသာဖြစ်ကြောင်း သိရှိထားပြီးသားဖြစ်သော်လည်း သူဟာ မသိလိုက်ခင်မှာဘဲ ပြဇာတ်အကတွင် မွေ့လျော်မျောပါနေခဲ့သည်။

သို့သော်လည်း အချိန်ကောင်းက ကြာရှည်မခံခဲ့ပေ။ ကျန်းလျန်၏ ဖျော်ဖြေမှုက မကြာခင်မှာပဲ ပြီးဆုံးသွားခဲ့သည်။ အရိုအသေပေးပြီးနောက် သူဟာ ဇာတ်ခုံပေါ်မှထွက်ခွာသွားတော့သည်။ ဇာတ်ခုံအောက်မှ ပွဲကြည့်ပရိသတ်များက ကျန်းလျန်၏ နောက်ထပ်ဖျော်ဖြေမှုကို တောင်းခံဟစ်ကြွေးကြတော့သည်။
ပြဇာတ်ရုံပိုင်ရှင်က စင်မြင့်ပေါ်တက်လာသည်။ သူမဟာ ငယ်ရွယ်ပြီး ဝဖိုင့်သောအမျိုးသမီးတစ်ဦးဖြစ်၏။ သူမက ယပ်တောင်အဝိုင်းလေးတစ်ခုကို တဖျပ်ဖျပ်ခတ်လျက် ပွဲကြည့်ပရိတ်သတ်ဘက်လှည့်၍ ပြုံးလိုက်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now