၀၁၅

1.6K 399 16
                                    

မိစ္ဆာဘုရင်နဲ့နှစ်ကိုယ်တူကျင့်ကြံရင်
ပိုပြီးမြန်ဆန်လိမ့်မယ်

.......

ရုန်ပိုင်ဟာ ဝင်ပေါက်တံခါးရှေ့တွင်ရပ်နေသည်။
သူ့ခန္ဓာကိုယ်တစ်ဝက်သည် လရောင်အောက်တွင် ရွှန်းရွှန်းစိုနေလျက် ကျန်တစ်ဝက်သည် မှုန်ဝါးဝါးမီးရောင်ဖြင့်
လွှမ်းခြုံနေ၏။

သူ့လက်ပေါ်တင်ထားသော အဝါဖျော့ဖျော့ အလင်းကျောက်လေးဟာ အမှောင်ထုထဲတွင် မှိန်ပျပျအလင်းရောင်လေးဖြာထွက်နေကာ သိမ်မွေ့နူးနယ်လှသည့် သူ့မျက်နှာကောက်ကြောင်းလေးကို ထင်းနေစေပြီး ရွှေရည်စိမ်ထားသည့်အလား ထင်မှတ်မှားအောင် ရောင်ပြန်ဟပ်နေပေ၏။

သူသည် နန်းဆောင်တိုင်လုံးများကြား၌ ခိုးကြောင်ခိုးဝှက်ပုန်းခိုနေသော စုန့်ချီကိုမြင်လိုက်ရာ
ရှေ့သို့ခြေနှစ်လှမ်းလျှောက်လာပြီး ဝင်ပေါက်တံခါးကို လက်နောက်ပြန် အသာလေးပိတ်လိုက်သည်။ ထို့နောက် စုန့်ချီဆီသို့လျှောက်သွားလိုက်လေ၏။

စုန့်ချီသည် ပုန်းခိုနေရာမှ အားရဝမ်းသာထွက်လာပြီး
သူ့အနားသို့အပြေးအလွှားရောက်ချလာ၏။

"အာာ..သခင်ရုန်ကိုးး ကျွန်တော်ဖြင့် လန့်သေတော့မလို့
ကျွန်တော်ဘဝလေးတော့ ဆုံးပြီလို့တောင်ထင်နေတာ "

ရုန်ပိုင်က သူ့နှုတ်ခမ်းများအနည်းငယ်ပွင့်ဟလာကာ မေးလေ၏။

"ဘယ်သူကမင်းကိုလိုက်သတ်နေတာလဲ ? "

" ဒါကပြောရမှာ နည်းနည်းတော့ခက်တယ် "

စုန့်ချီကဆို၏။

" မော့ယောင်ဂိုဏ်းက လိင်မှုကိစ္စတွေကို တားမြစ်ထားတာမျိုးရှိလား ? "

ထိုစကားကိုကြားတော့ ရုန်ပိုင်ကပြုံးသည်။

"မရှိဘူး။ ဖီလာအနေနဲ့ နှစ်ကိုယ်တွဲကျင့်ကြံရေးကိုတောင်
လက်ခံတယ် "

"ဒါဆို..ကျွန်တော့်ကိုသတ်ဖို့ဘာအကြောင်းမှ
မရှိတာကြီးကို "

စုန့်ချီစိတ်ရှုပ်သွားသည်။

" ခုနတုန်းက ကျွန်တော် အကြီးအကဲချင်းယွမ်နဲ့ ယောကျ်ားတစ်ယောက်က...နှစ်ကိုယ်တူကျင့်ကြံနေတာကို
မတော်တဆတွေ့မိသွားတာလေ..
ကံဆိုးချင်တော့ တိုက်ယန်ရှင်းကလည်း အဲ့မှာရှိနေတာ
ဒါနဲ့ပဲ သူကကျွန်တော့်ကို နှုတ်ပိတ်ချင်နေတာ "

FOX DEMON CULTIVATION MANUALUnde poveștirile trăiesc. Descoperă acum