၀၇၅

1.6K 368 16
                                    

ဟိုးယခင်က စုန့်ချီသည် နေရပ်မှထွက်ခွာလာခဲ့ပြီးနောက် ဤသို့ပြောခဲ့ဖူးသည်။

" ဒီလမ်းက ပြန်လမ်းမဲ့လမ်း "

သူဟာ အခြားသူများထက် အသေအချာကိုသိနေခဲ့ပါ၏။ ထို့ကြောင့်ပင် ဤခရီးကိုစတင်ခဲ့ကတည်းက 'စုန့်' ဟူသောမျိုးရိုးအမည်နှင့် 'ချီ' ဟူသော လောကသိအမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤခရီးလမ်းတစ်လျှောက်လုံးတွင် သူဟာ ကြောက်ရွံ့စွာ၊ တွေဝေစွာဖြင့် အကြိမ်ပေါင်းများစွာ နောက်ပြန်လှည့်ဖို့ကြိုးစားခဲ့ပါသော်လည်း တစ်ခါသော်မှ ခြေတစ်လှမ်းပင်နောက်ပြန်မဆုတ်ဖြစ်ခဲ့ပါပေ။

သူ့တစ်ကိုယ်လုံးရှိ အရိုးများကျိုးသွားခဲ့လျှင်တောင် သူဟာ ဖြောင့်တန်းစွာ မတ်မတ်ရပ်နေဦးမှာပင်။

ထုရှန်းယွဲ့က အထင်အမြင်သေးစွာဆိုလာသည်။

" သေတော့မယ့်လူတစ်ယောက်ရဲ့ နာမည်ကို ငါစိတ်မဝင်စားဘူး "

"ဒါပေမယ့် ကျွန်တော် ခင်ဗျားကိုပြောပြမှဖြစ်မယ်"

စုန့်ချီသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" ကျွန်တော်က စုန့်ချီ ၊ ထုရှန်းရုန်ပိုင် မဟုတ်ဘူး"

"အဲ့ဒီတော့? "

ထုရှန်းယွဲ့မှာ သူ့ဆိုလိုရင်းကို သဘောမပေါက်နိုင်သေး။

" အကယ်၍ အခုဒီမှာရပ်နေတဲ့လူက ထုရှန်းရုန်ပိုင်သာဆိုရင် ခင်ဗျား သူ့ကိုလက်ဖျားနဲ့တောင်ထိနိုင်မှာတောင်မဟုတ်ဘူးဆိုတာ ကျွန်တော် ခင်ဗျားကိုသိစေချင်ရုံပါ......."

စုန့်ချီမှာ ယင်းအကြောင်းရင်းနှင့်ပက်သက်ပြီး အတော်လေးကို အမှတ်သည်းခြေကြီးနေပုံရ၏။

ဤမျှသေရေးရှင်ရေးအခြေအနေမှာတောင် သူဟာ သူတစ်ပါးက ရုန်ပိုင်အား အထင်လွဲခြင်း၊ အထင်အမြင်သေးပြောဆိုလာခြင်းများကို လုံးဝသည်းခံနိုင်စွမ်းမရှိချေ။ သူဟာ သူကိုယ်တိုင်နှင့်တောင် နှိုင်းယှဉ်ပြကာ ကာကွယ်ပြောဆိုလိုက်သေးသည်။

သူ၏ဤစကားကြောင့်ဖြစ်စေ ၊ တိုက်ပွဲ၏ရလဒ်ကြောင့်ဖြစ်စေ သူဤနေရာမှ ထွက်မသွားနိုင်တော့ဘူးဆိုလျှင်တောင် သူဟာ နည်းနည်းမှနောင်တရမည်မဟုတ်ပေ။

FOX DEMON CULTIVATION MANUALWo Geschichten leben. Entdecke jetzt