၀၃၈

1.5K 390 11
                                    

စုန့်ချီသည် ထိုအမည်ကိုကြားလိုက်သည်နှင့် ရုန်ပိုင်အား လှည့်ကြည့်မိလိုက်သည်။

အနှီငှက်မိစ္ဆာသည် ယခင်အချိန်ကနှင့်ယှဉ်လျှင် များစွာ ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့် သူတို့မော့ယောင်တွင်ဆုံခဲ့စဉ်က အနှီလူဟာ အလွန်လူကြောက်တတ်ပြီး ရှက်ရွံ့တတ်သူဖြစ်သည်။
အထူးသဖြင့် ရုန်ပိုင်ကိုဖြစ်၏။ ယခုတွင်မူ ကလေးဆန်သော သူ့မျက်နှာထက်တွင် ဖျော့တော့ကာ ပဟေဠိဆန်သော အပြုံးတစ်ပွင့်ကိုတပ်ဆင်ထားပြီး စုန့်ချီထက်မြင့်မားသော အမြင့်တစ်နေရာတွင် ရပ်တည်နေသူတစ်ယောက်နှင့်တူ၏။

သူ တစ်စုံတစ်ခုကို အလိုအလျောက်ခံစားမိနေသော်လည်း မသေချာတာကြောင့် မသိလိုက်ခင်မှာပဲ ရုန်ပိုင်ရှိရာဆီသို့ လှည့်ကြည့်မိလျက်သားဖြစ်သွား၏။

တိုက်ဆိုင်စွာပင် ရုန်ပိုင်သည်လည်း သူ့ဘက်သို့လှည့်ကာ ကြည့်လာသည်။ သူတို့မျက်လုံးများ ဆုံသွားချိန်တွင် ရုန်ပိုင်က မေးကိုအနည်းငယ်မော့လျက် စုန့်ချီအားခေါ်သည်။

"ဒီနားကိုလာခဲ့ "

စုန့်ချီလည်း လှည့်သွားတော့မည်ပြုစဉ် ကျူးယွင်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူက ရုန်ပိုင်အား ပြုံးကာဆိုသည်။

"ကြီးမြတ်တဲ့အရှင်ရုန်.မြေခွေးလေးက အရမ်းကို သိချင်စိတ်ပြင်းပြနေတာ.အရှင်ရုန်က သူ့ဆန္ဒကို ဘာဖြစ်လို့မဖြည့်ဆည်းပေးတာလဲ ? "

ရုန်ပိုင်က ပြုံးကာပြန်မေးလိုက်သည်။

"ဒါဆိုလည်း ငါလူသတ်ချင်နေတဲ့ဆန္ဒကို မင်းဖြည့်ဆည်းပေးမလား "

ကျူးယွင်က ပြန်မဖြေခဲ့ပေ၊ သို့သော် ရုန်ပိုင်ကို ကြည့်သည့်သူ့အကြည့်များက ပြောင်းလဲသွားခဲ့သည်။ ပါးနပ်သည့် စုန့်ချီက ဤပြောင်းလဲမှုအနည်းငယ်ကို သတိပြုမိပြီး ကျူးယွင်၏လက်မှ ရုန်းထွက်ချင်ခဲ့သည်။ သို့သော် သူ့လက်ကို ဆုပ်ကိုင်ထားသည့် ကျူးယွင်၏လက်များက ပို၍တင်းကြပ်လာသည်။

အလွန်တောက်ပသော အလင်းရောင်များက စုန့်ချီ၏မျက်ဝန်းထောင့်မှ လျှပ်တစ်ပြက်ပေါ်လာသည်။ ထို့နောက် အလင်းတန်းများက စုန့်ချီအား ဝိုင်းပတ်သွားသည်။ ကြက်သွေးနီရောင် သုံးပေမြင့်သည့် ဇာတ်ခုံတစ်ခုက သူ့အရှေ့တွင်ပေါ်လာပြီး တင့်တယ်ကာကျက်သရေရှိသော လူတစ်ယောက်၏ပုံရိပ်က ဇာတ်ခုံ၏အလယ်တွင်ရှိနေသည်။

FOX DEMON CULTIVATION MANUALحيث تعيش القصص. اكتشف الآن