၀၁၂

1.8K 424 9
                                    

စုန့်ချီအားအပြစ်ရှိသည်ဟု ခံစားစေသော အတွေး
.......

ဆုပ်ကိုင်ထားသည့် လက်လေးဟာ နွေးထွေးမှုဖြင့်ပြည့်ဝလို့နေ၏။ ရုန်ပိုင်၏လက်ညှိုးကိုထိတွေ့နေသည့် လက်လေး၏အနွေးဓာတ်လေးသည် လက်ချောင်းဖျားမှနေ၍ အသွေးအသားထဲထိ သက်သောင့်သက်သာနှင့်စီးဝင်နေ၏။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ့လက်ကို ဤကဲ့သို့ လာထိတွေ့ရဲသည့်သူမရှိခဲ့ပေ။ သည်လိုအခြေအနေမျိုးတွင် သူသည် အမျက်ချောင်းချောင်းထွက်၍ လက်ကိုချက်ချင်းပုတ်ထုတ်လိုက်ရမည့်အစား သူဟာ ဤကောင်လေးကို အံ့အားသင့်စွာသာကြည့်နေမိသည်။

သူမြင်လိုက်ရသည်က သူ့အားမျက်လုံးပြူးပြူးလေးနှင့် ရပ်ကြည့်နေသည့် စုန့်ချီကိုပဲဖြစ်သည်။

တကယ်တော့ စုန့်ချီ လက်တလောအခြေအနေကို အနည်းငယ် ကြောက်ရွံ့မိသည်။ အထူးသဖြင့် ရုန်ပိုင်က သူ့အားယခုကဲ့သို့ကြည့်လာသည့် အချိန်တွင်ဖြစ်၏။ ရုန်ပိုင်က ခပ်ဖွဖွပြုံးပြနေပေမယ့်လည်း စုန့်ချီမှာလက်ကို ကပြာကယာ လွတ်ချလိုက်လေသည့်အတွက် ဝတ်ရုံအောက်အနားစနှင့် ရှပ်ထိသွားသည်။

ကနဦး၌ ဝမ်ချန်ချူးက သူ့အား ထူးထူးဆန်းဆန်း တားဆီးခဲ့သော်လည်း စုန့်ချီကမူ မရေရာသောအကြောင်းကိစ္စတစ်ခုရှိလိမ့်မည်ဟု မှန်းဆ၍
ရုန်ပိုင်နောက်ကို ပြေးလိုက်ခဲ့ခြင်းဖြစ်သည်။

ရုန်ပိုင်က တစ်စုံတစ်ယောက်အား သတ်ဖြတ်တော့မည်ကို မြင်တွေ့လိုက်ရချိန်တွင် သူသည် မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ရုန်ပိုင်၏လက်ကို ဖမ်းဆွဲမိလိုက်ခြင်းဖြစ်၏။

လမ်းမခွဲခင်အချိန်၌ လုရှောက်ချင်းသည် စုန့်ချီအား အကြိမ်ကြိမ်သတိပေးခဲ့ဖူးတာ ရှိလေသည်။ ရုန်ပိုင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စများအဆင်ခြင်မဲ့မပြုလုပ်ရန်၊ ရုန်ပိုင်သည်
တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ ဆန္ဒပြင်းပြနေချိန်တွင်
တားဆီးခြင်းမပြုရန် အထပ်ထပ်အခါခါ မှာကြားခဲ့သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now