၀၈၆

3.2K 424 96
                                    

【Unicode】

ဤအင်မတိအင်မတန် ခမ်းနားကြီးကျယ်သော မွေးနေ့ဧည့်ခံပွဲက ထိန်းမြားမင်္ဂလာပွဲလည်း ဖြစ်ပေ၏။ ကျင်းပရာ နေရာသည်ကား မော့ရှီးတောင်၌ ဖြစ်သည်။

မော့ရှီးတောင်သည် နတ်ဘုရားလောက၏မြောက်ပိုင်းကျကျအရပ်၌ တည်ရှိသည်။ တောင်တစ်တောင်လုံး၏ အရှေ့ဘက်ခြမ်းတွင် သစ်ပင်ဝါးပင်တို့ အုပ်ဆိုင်းလျက်ရှိပြီး အနောက်ဘက်ခြမ်းတွင်မူ ပန်းမာလာတို့ ဝေဆာပွင့်ဖူးနေ၏။ ထူထပ်သော မြက်ခင်းစိမ်းစိမ်းများက တောင်ထိပ်၌ အခန့်သားနေရာယူလျက်ရှိသဖြင့် အရှေ့နှင့်အနောက်ခြမ်းကို နှစ်ခြမ်းပိုင်းခြားထားသည့်ပမာ ဖြစ်နေသည်။ မိုးကုပ်စက်ဝိုင်းအထက်တွင်မူ နတ်ဘုရားရောင်စဉ် မြူခိုး၊ မြူသွယ်တို့ ဝေ့ပတ်စီးမြောနေသည်ကို မြင်ရပေမည်။ ၎င်းသည်ကား အင်မတန် ရင်သပ်ရှုမောဖွယ်ကောင်း လှ၏။

ရွှေပွဲလာဧည့်ခံပရိသတ်များက စောစီးစွာပင် ရောက်ရှိနေကြပြီး ရထူးဝါစဉ်အရ စီရီထားသော ဧည့်ခံစားပွဲတွင် ဝင်ထိုင်ကာ ယနေ့မင်္ဂလာပွဲအကြောင်း စိတ်အားထက်သန်စွာ စကားစမြည်ပြောရင်း ဆွေးနွေးနေကြသည်။

အခြားသူတို့၏အမြင်တွင် ဟင်္သာပြဒါးငှက်နှင့်ထုရှန်းတို့မည်သည် အပြီးအပြည့်စုံဆုံးတွဲဖက်များဖြစ်ကြ၏။ ရုန်ပိုင်နှင့် ကျူးဟန့်နှစ်ဦးစလုံးက သာမန်ထက် ဂုဏ်အင်လက္ခဏာများ အဆမတန်သာလွန်နေသည့်အခါ ပို့လိုတောင် လိုက်ဖက်ကြသည်ဟု တွေးကြလိမ့်မည်။

မင်္ဂလာဧည့်ခံပွဲကို တောင်ထွဋ်ပေါ်ရှိ မြက်ခင်းပြင်တစ်ခုလုံးအပြည့် တည်ခင်းနေရာချထားသည်။ ဥဒဟိုသွားလာနေကြသော ပွဲလာဧည့်သည်များထဲတွင် နတ်ဘုရားများနှင့် အမတများသာမက မိစ္ဆာလောက၊ နတ်ဆိုးလောကမှ စေလွှတ်လိုက်သူများလည်း ပါဝင်၏။ ထို့ကြောင့် အစောင့်များအဖို့ ကြိုမမြင်နိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန် စိစစ်စွာစောင့်ကြပ်ကွပ်ကဲနရမည်မှာ မလွဲဧကန်ပင်။

ရယ်မောပြောဆိုနေကြသော ဧည့်သည်များကိုကြည့်ရင်း ထုရှန်းဟုမ်က သူ၏အသက်စက်စက်ယပ်တောင်လေးကို တဖျပ်ဖျပ်ခတ်ကာ ဆွဲပိတ်လိုက်သည်။ အားလုံး၏မြင်ကွင်းရှေ့ ထုရှန်းဟုမ် ရောက်လာသောအခါ ဧည့်သည်လူအုပ်ကြီးအနေဖြင့် သူ့အား မျက်နှာချိုသွေးနိုင်မည့် အထူးအခွင့်အရေးကို လက်လွှတ်ခံကြလိမ့်မည် မဟုတ်ပေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now