၀၃၅

1.8K 403 14
                                    

နေမိုးသောက်သည်နှင့် ချင်ချွမ်းဟာ သက်ဝင်လှုပ်ရှားမှုများဖြင့် စည်ကားသိုက်မြိုက်နေသည်။
ကောင်းကင်ယံတွင် နေအလင်းရောင်ပင် အပြည့်အဝမလင်းကျင်းသေးခင် လမ်းထဲတွင် ဈေးလှည့်ရောင်းသူများ၏ တကြော်ကြော် ဈေးအော်ရောင်းသံများက ပျံ့လွင့်နေသည်။
ဤအသံများက စုန့်ချီ၏နားထဲသို့ တိုက်ရိုက် တိုးဝင်ရောက်ရှိလာသည်။

စုန့်ချီ၏မျက်ဆံများ အနည်းငယ်လှုပ်ရှားသွားပြီး အိပ်မောကျနေရာမှာ နိုးထလာသည်။ လေးပင်သော သူ့မျက်ခွံများကို မှိတ်ချည်ဖွင့်ချည်လုပ်လိုက်သည်တွင် သူ့နံဘေး၌အိပ်ပျော်နေသော ယောကျ်ားပျိုတစ်ဦးကို တွေ့လိုက်ရလေသည်။

စုန့်ချီသည် ထိတ်လန့်တကြားဖြစ်သွားပြီး မျက်လုံးများပြူးကျယ်သွားသည်။ ထိုယောကျ်ားပျိုမှာ ရုန်ပိုင်ဖြစ်သည်ကို သိလိုက်သည်နှင့် သူ ငေါက်ခနဲအိပ်ပေါ်မှထထိုင်လိုက်သည်။ သူဟာ အိပ်ယာတစ်ဝက်လောက်ထိ နေရာယူထားပြီး ရုန်ပိုင်ကိုတော့ အိပ်ယာအစွန်ဘက်ရောက်အောင် တွန်းကန်ထားခဲ့သည်ကို တွေ့လိုက်ရသည်။

သို့သည်တိုင် စုန့်ချီဟာ သူအိပ်ယာပေါ်သို့ ဘယ်လိုရောက်ခဲ့သည်လည်း မမှတ်မိတော့ချေ။ သူ့မှတ်ဉာဏ်များသည် ကြေးမှုံဘိုးဘိုးအား အရက်ဆိုင်ထဲမှ တွဲခေါ်ခဲ့သည့်နေရာတွင်သာ ရပ်တန့်နေခဲ့ပြီး နောက်ပိုင်း အဖြစ်အပျက်များဟာတော့ ဝေဝါးနေခဲ့သည်။

သူတကယ်ကြီး အကုန်လုံးကို မေ့သွားတာလား..

သူဟာ နံရံပေါ်သို့ ကျောမှီထိုင်လိုက်ရင်း ဆက်ပြီးထိုင်နေရမလား ထသွားရမလားမတွေးတတ်တော့။
အချိန်အတော်ကြာသည်အထိ မလှုပ်မယှက်ထိုင်နေမိသည်။ သူ့အကြည့်များဟာ မသိလိုက်ခင်မှာပဲ နှစ်ခြိုက်စွာအိပ်မောကျနေသော ရုန်ပိုင့်မျက်နှာထက်သို့ ကျရောက်သွားသည်။

ဤတစ်ဒင်္ဂတွင် သူ့မျက်နှာလေးဟာ အေးချမ်းငြိမ်သက်နေ၏။ အေးစက်တည်ငြိမ်နေကျ သူ့မျက်နှာဟာ ယခုတွင် တစ်မျိုးတစ်ဖုံ သိမ်မွေ့နေပြီး နက်စွေးစွေး မျက်ခုံးထူထူများက ပြေလျော့နေသည်။
စုန့်ချီ မနေနိုင်ဘဲ သူ့အားငေးစိုက်ကြည့်မိသည်။

FOX DEMON CULTIVATION MANUALDove le storie prendono vita. Scoprilo ora