၀၃၇

1.6K 353 6
                                    

ပုံပြောသူတို့အိမ်ယာအား ပိုင်ရှစ်ရှိုးဟုခေါ်သည်။
မြို့နေပြည်သူများ၏ ပြောဆိုမှုအရ ယခင်က ပုံပြောသူတို့အိမ်ယာသည် နာမည်ကြီး ပြဇာတ်ရုံတစ်ခုဖြစ်ခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းတွင် မီးအကြီးအကျယ်လောင်ပြီး ပြဇာတ်ရုံ၏အဓိကနေရာများ မီးထဲပါသွားခဲ့သည်။ ယင်းနေရာအား နှစ်အတော်ကြာ ပစ်ထားခဲ့ပြီးနောက်မှ ပုံပြောသူတို့အိမ်ယာအဖြစ် ပြန်လည်မွမ်းမံခဲ့တာဖြစ်သည်။

"ပြဇာတ်ရုံ ? "

စုန့်ချီ တွေးတွေးဆဆဖြင့် လျှောက်လာသည်။
ကြေးမှုံထဲတွင် သူမြင်တွေ့ခဲ့ရသည့် ပထမမြင်ကွင်းသည် သူဟာ အနီရောင် ကဇာတ်ဝတ်စုံနှင့် အပြာရောင် အပြင်ဝတ်ရုံကို အဖြူဖျော့ဖျော့ လှိုင်းပြေးဝတ်ရုံလက်များဖြင့် ပြဇာတ်ဝတ်စုံအလား ဝတ်ဆင်ထားသည်ကို မြင်ခဲ့ရခြင်းဖြစ်သည်။

ရုန်ပိုင်က ခေါင်းကိုစောင်းငဲ့လာသည်။

"ဘာတွေတွေးနေတာလဲ "

" အဲ့ဒီပြဇာတ်ရုံနဲ့ သခင်မလေးဖုန်းရဲ့ကြားမှာ တစ်ခုခုဆယ်နွယ်မှုရှိမယ်လို့ ကျွန်တော်ခံစားမိလို့ "

စုန့်ချီသည် သူ့ခန့်မှန်းချက်ကို အတည်အပြုရဲပေ။
ဤဖြစ်ရပ်နှစ်ခုကြားရှိ ဆက်နွယ်မှုကိုလည်း သူနားမလည်ပေ။ သို့ပေမယ့် ဘာကြောင့်မှန်းမသိ
၎င်းတို့ကြားတွင် မသိနိုင်သောဆက်စပ်မှုရှိလိမ့်မည်ဟု သူအမြဲတစေ ခံစားရသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤကိစ္စများ၏ သဲလွန်စအချိတ်အဆက်များကို ရှာဖွေပြီးမှသည် ဤပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

စုန့်ချီ လေးလေးနက်နက်စဉ်စားသွားရသည်။

ရုန်ပိုင်က ဆိုလာ၏။

" မင်းစိတ်ကိုဘာလို့အရှုပ်ခံနေတာလဲ..
မင်းလုပ်ရမှာဆိုလို့ ရှေ့ဆက်သွားကြည့်ရုံပဲ
မင်းဘာမှအားမထုတ်စရာမလိုဘဲ
အကုန်လုံးသိလာလိမ့်မယ် "

"ရှေ့ဆက်သွားရမယ် ? ဘယ်ကိုလဲ ? "

ဤတစ်ဒင်္ဂတွင် ရုန်ပိုင်ဆိုလိုသည့်အရာကို စုန့်ချီနားမလည်ပေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now