၀၃၆

1.5K 367 19
                                    

စုန့်ချီသည် ကြေးမှုံထဲမှ ဤမြင်ကွင်းကို မြင်လိုက်ရသည့် တစ်ခဏတွင် သူ့စိတ်ထဲပထမဆုံး ဖြစ်ပေါ်လာသည့်အရာဟာ ရုန်ပိုင် သူ့ကိုရွံရှာမုန်းတီးသွားမည်ကို ကြောက်ရွံမိခြင်းပဲဖြစ်၏။ သို့သော်လည်း သူ့အား ကြောက်ရွံ့တုန်လှုပ်မှုက ကြီးစိုးနေခဲ့သည်ဖြစ်ရာ ဤအမှန်တရားလေးကို သတိမထားမိနိုင်ခဲ့။

သူဟာ ကြေးမှုံအား မည်မျှပင် ထုနှက်ပါသော်လည်း
သူခံစားရသည်က ကြေးမှုံမျက်နှာပြင်၏ အေးစက်သော အထိအတွေ့ပဲဖြစ်လေ၏။ ကြေးမှုံထဲမှ မြင်ကွင်းများဟာတော့ ဆက်လက်၍ဖြစ်ပေါ်နေသည်။ ပုစဉ်းလေးတစ်ကောင် ရေပြင်ပေါ်သို့ သိမ်မွေ့စွာ
နားခိုသွားသည့်အလား "စုန့်ချီ"၏ နှုတ်ခမ်းများဟာ ရုန်ပိုင်၏နှုတ်ခမ်းထက်သို့ ထပ်တူကျ၏။ ထို့နောက် သူဟာ ကမန်းကတန်းဖယ်ခွာလိုက်၏။ မျက်နှာချေမှုန့်များကြောင့်လား၊ သို့မဟုတ် ဤအနမ်းကြောင့်ပေလားမသိ သူ့မျက်နှာဟာ တည်သီးမှည့်ကဲ့သို့ နီမြန်းနေသည်။

စုန့်ချီ လေအေးများရှူရှိုက်လိုက်သည်။ တုန်ရီနေသော ခြေလှမ်းများဖြင့် နောက်ကို နှစ်လှမ်းခန့်ဆုတ်လိုက်သည်တွင်
မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားသည်။ သူမော့ပြန်ကြည့်လိုက်သည့်အခါ ကြေးမှုံပေါ်မှ ရုန်ပိုင်အား တွေ့မြင်လိုက်ရ၏။

ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော သခင်လေးဟာ ဤအခိုက်အတန့်တွင် သိမ်မွေ့စွာပြုံးနေပြီး စိတ်ဆိုးဒေါသဖြစ်ခြင်းများ၊ ရွံရှာမုန်းတီးခြင်းများ ရှိမနေခဲ့ပေ။
ထိုပျင်းရိရိ မြေခွေးမျက်ဝန်းများဟာ "စုန့်ချီ"အား လေးလေးနက်နက် ငေးကြည့်နေ၏။

စုန့်ချီ ပြန်ထမည်ပြုစဉ် မီးခိုးလုံးကြီးတစ်ခုက သူ့အားဝါးမြိုသွားပြီး မျက်စိတစ်မှတ်အတွင်းမှာပင် ကြေးမှုံမှန်ကြီးရှေ့မှပျောက်ကွယ်သွားကာ မူလနေရာသို့ပြန်လည်ရောက်ရှိလာသည်။ သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည်က အလွန်အမင်း ပူပန်သောကရောက်နေသော ကြေးမှုံဘိုးဘိုးပဲဖြစ်လေ၏။

"ဘာမြင်ခဲ့ရလဲ "

ကြေးမှုံဘိုးဘိုးက သူ့လက်ကို ဖမ်းဆွဲလိုက်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now