၀၆၂

1.7K 369 10
                                    

ဖြစ်ပျက်သွားသည်များက အလွန်မြန်ဆန်လွန်းလှသဖြင့် စုန့်ချီမှာ တုံ့ပြန်နိုင်ဖို့တောင် အနိုင်နိုင်။ ယင်းယန် အချိန်နောက်ပြန်ခရီးထဲသို့ ခွင်းလွင်ကြေးမှုံနှင့်အတူ စေလွှတ်ခံလိုက်ရပြီကိုလည်း သူ မသိသေးပါချေ။

အလင်းရောင်စူးစူးများ လွှမ်းခြုံအုပ်မိုးသွားပြီးနောက် သူ့ မြင်လွှာထဲသို့ အမှောင်ထုကြီးသာ ချင်းနင်းဝင်ရောက်လာသည်။ ယခုသူဟာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ကာ မှောင်မိုက်သော နေရာတစ်ခု၌ ရောက်ရှိနေသည်။

စုန့်ချီသည် လက်ဖဝါးထဲက လက်သည်းခွံအရွယ်အစားရှိ ခွင်းလွင်ကြေးမှုံလေးကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ့မျက်ဝန်းထဲတွင် ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလျက် သလွန်ထက်တွင် လှဲလျောင်းနေသော ရုန်ပိုင်၏ ဖြူဖြူလျလျပုံရိပ်လေးကိုသာ ထပ်တလဲလဲ မြင်ယောင်မိနေသည်။ အမှန်တကယ်ကို တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလိုက်ပါဘိ။

သူ ရင်တစ်ခုလုံး တုန်ရီစိုးထိတ်နေစဉ် ရုတ်တရက်ဆိုသလို အဖြူရောင်အလင်းရောင်တစ်ခုက သူ့ခြေထောက်အောက်မှ ဖြာခနဲ လင်းလက်လာပြီး စက်ဝိုင်းတစ်ခုသို့နှယ် ပတ်ပတ်လည်ကို ဝိုင်းပတ်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သော် ထိုက်ကျီကားချပ်ပုံတစ်ခုသည် အဖြူရောင်အလင်းတန်းများအတူ တဖြည်းဖြည်းရုပ်လုံးပေါ်လာသည်ကို တွေ့မြင်လိုက်ရလေသည်။

တစ်ဖက်သည် အနက်။ တစ်ဖက်သည် အဖြူ။ ကြီးမားလှစွာသော ယင်း နှင့် ယန်အစွန်းနှစ်ဖက်။

နတ်ဘုရားသခင် ရှောင့်ရှန့်က ဤအစီအရင်သည် နတ်ဆိုးဘုရင် ဖန်တီးခဲ့စဉ်ကတည်းက ယခုထက်ထိ အောင်အောင်မြင်မြင်အသက်သွင်းနိုင်သူ မရှိသေးဟု ဆိုခဲ့သည်။ ထိုသို့ဆိုလျှင်တောင် နတ်ဘုရားသခင်ရှောင့်ရှန့်နှင့် ရွှေမျက်လုံးရှင်က ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်းအစီအရင်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နတ်ဘုရားသခင် ရှောင့်ရှန့်က ဤအစီအရင်သည် နတ်ဆိုးဘုရင် ဖန်တီးခဲ့စဉ်ကတည်းက ယခုထက်ထိ အောင်အောင်မြင်မြင်အသက်သွင်းနိုင်သူ မရှိသေးဟု ဆိုခဲ့သည်။ ထိုသို့ဆိုလျှင်တောင် နတ်ဘုရားသခင်ရှောင့်ရှန့်နှင့် ရွှေမျက်လုံးရှင်က ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်းအစီအရင်ကို အသက်သွင်းဦးမည်လား။

FOX DEMON CULTIVATION MANUALWhere stories live. Discover now