၀၂၂

1.5K 377 3
                                    

စုန့်ချီ၏နှလုံးသားက တုန်ရီနေပြီး
ဘာမစကားမပြောနိုင်ခဲ့
........

ညကအတော်ပင်နက်ခဲ့ပြီ။ တိမ်စိုင်တိမ်မည်းများ ဖုံးလွှမ်းနေခဲ့သော လသည် တဖြည်းဖြည်းထွက်ပြူလာပြီး တောက်ပသောအလင်းရောင်ဖြင့် ကမ္ဘာမြေပြင်ပေါ်သို့ ဖြန့်ကြက်ဖြာကျနေ၏။

ကြေးမှုံဘိုးဘိုးအား နှုတ်ဆက်စကားဆိုပြီးသည့်တိုင် စုန့်ချီ၏ မျက်ခုံးများက တင်းတင်းကြပ်ကြပ် စုကျုံ့နေကြသည်။ သူက သူ့အရှေ့မှ ရုန်ပိုင်အား လှမ်းပြောသည်။

"ခင်ဗျား ဒီမှာ နတ်ဆိုးချိပ်တံဆိပ်ကို ရှာနိုင်လား ? "

"နတ်ဆိုး ချိပ်တံဆိပ်က ဖျက်ဆီးပစ်လို့ရတယ်
ဒါပေမယ့် ပျက်စီးမသွားဘူး.အဲ့ဒီချိပ်တံဆိပ်ကို
လွန်ခဲ့တဲ့ရှေးခေတ်တွေတည်းက ရှားပါးရတနာအဖြစ် လက်ခံတန်ဖိုးထားခဲ့ကြတယ်.ချိပ်တံဆိပ်က သူဟာသူ ချိပ်ပိတ်သွားခဲ့ရင် တော်လှပါတယ်ဆိုတဲ့ နတ်ဘုရားတွေရှာရင်တောင် မတွေ့နိုင်တော့ဘူး
အဲ့ဒါက တကယ်ပဲ ဒီမြေအောက်အကျဉ်းထောင်ထဲမှာ ရှိနေတယ်ဆိုရင် မြေအောက်အကျဉ်းထောင်တစ်ခုလုံးကို မြေလှန်ပြီးရှာမှပဲရလိမ့်မယ် "

ရုန်ပိုင်၏ မျက်လုံးများက ကျောက်သားနံရံများအကြား ဖြတ်တိုက်ပြေးလွှားနေပြီးနောက် စုန့်ချီ၏မျက်နှာအရောက်ရပ်တန့်သွားသည်။ သူက ပြုံးပြကာ ဆိုလာသည်။

"ငါဘာလုပ်သင့်လဲ ? "

ယခင်ကလဲ့ယွီမြို့သည် မည်သို့မည်ပုံ စွန့်ပစ်မြေရိုင်း ဖြစ်သွားခဲ့ရသည်ကို စုန့်ချီ ပြန်မှတ်မိလာသည်။ သူက ခေါင်းယမ်းပြလိုက်သည်။

"အဲ့ဒါဆိုထားလိုက်ပါတော့ , တကယ်လို့ အကျဉ်းထောင်ကို မြေလှန်ရှာပြီးလို့မှ ချိပ်တံဆိပ်အပိုင်းကို မတွေ့ဘူးဆိုရင် ဘာကောင်းတာမှဖြစ်လာမှာ မဟုတ်ဘဲ "

ရုန်ပိုင်က မျက်လွှာချလိုက်၍ သဘောတူညီဟန်ပြသည်။
သူက လက်ကိုမြှောက်၍ နံရံထက် ပွတ်သပ်လိုက်သည်။ သူ့လှုပ်ရှားမှုတိုင်းဟာ ညင်သာနေပြီး ဒေါသကြီးနေသည့် သားရဲတစ်ကောင်အား နှစ်သိမ့်ချော့မြှူနေသကဲ့သို့ရှိသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now