၀၇၀

1.5K 336 8
                                    


သွေးနံ့က အနည်းငယ်ဖျော့တော့နေသော်ငြား စုန့်ချီ၏အာရုံခံနိုင်စွမ်းက ထူးကဲလွန်းသည်ဖြစ်ရာ ရုန်ပိုင် သူ့အနားသို့ တိုးကပ်လာချိန်၌ သွေးနံ့က နှာခေါင်းထဲ စူး၍ဝင်လာသည်။

သူ့စကားကြားလျှင် ရုန်ပိုင်က စုန့်ချီ၏လက်ကို လွှတ်ပေးလိုက်သည်။ သူ စကားဆိုလိုက်တော့မည့်ပြုစဉ် စုန့်ချီက ခြေတစ်လှမ်းရှေ့တိုးလာပြီး ရေထဲမှ ခန္ဓာကိ်ုယ်တစ်ဝက်ကို ဆန့်ထုတ်လျက် တောင့်တင်းသောရင်အုပ်ကျယ်ကို ဖော်ပြလာ၏။

စုန့်ချီ မေးလိုက်သည်။

" ခင်ဗျား ဒဏ်ရာရထားတာလား "

ရုန်ပိုင် နောက်ဆုတ်လိုက်သည်။ သို့သော် စုန့်ချီက ကမ်းပေါ်တက်လာချင်ဟန်ရှိနေသည်မို့ ရုန်ပိုင် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ သူ့ ခေါင်းကိုဖိထားလိုက်ပြီး ရေထဲသို့ ပြန်တွန်းချလိုက်သည်။ သူ ခပ်တိုးတိုးရယ်လိုက်သည်။

" မင်း ရေချိုးသန့်စင်လိုက်ဦး၊ ပြီးသွားရင် ငါ့ကို နန်းဆောင်ထဲမှာ လာရှာလိုက်နော် "

ပြောပြီးသည်နှင့် သူက ထွက်ခွာသွားတော့၏။ သို့ပေသည့် စုန့်ချီမှာမူ စိတ်ပူပြီးကျန်ခဲ့လေသည်။

ရုန်ပိုင်က အဘယ်ကြောင့် ဒဏ်ရာရသွားသည်လဲ စုန့်ချီ စဉ်းစားလို့မရချေ။ သားရဲမိစ္ဆာနှင့် ရင်ဆိုင်စဉ်က ရခဲ့ခြင်းလား? သို့မဟုတ် မကြာခင်ကမှ ရခဲ့သည်လား?

သူသည် ရေပူစမ်းထဲတွင် ရေထပ်စိမ်ချင်စိတ်ပျောက်ဆုံးသွားသည်။ ရေထဲတွင် အတန်ကြာအောင် အတွေးများနေပြီးနောက် ကမ်းပေါ်သို့ အမြန်ပြန်တက်လိုက်ကာ အဝတ်အစားများကို ကောက်ယူလိုက်ပြီး အမြန်နှုန်းဖြင့် ဝတ်ဆင်လိုက်သည်။ သူသည် အလျဉ်းသင့်သော မသေမျိုးရံရွေတော်တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး ရုန်ပိုင်၏နန်းတော်ဆောင်ကို မေးလိုက်သည်။

တကယ်တမ်းတွင် အတော်လေးကို ရှာဖွေရလွယ်ကူပါ၏။ ဤနန်းတော်ကြီးထဲတွင် အခမ်းနားဆုံးနှင့် အထင်ရှားဆုံးက ရုန်ပိုင်၏နန်းဆောင်ပင်ဖြစ်သည်။ နန်းဆောင်ဝင်ပေါက်တံခါးရှေ့တွင် မသေမျိုး ရံရွေတော်များ တန်းစီလျက် ရပ်စောင့်နေကြသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now