၀၁၃

1.6K 396 5
                                    

မင်းသူနဲ့နီးနီးကပ်ကပ် နေလို့မရဘူး၊ သူက လူသားတစ်ယောက်၊ မင်းက မိစ္ဆာစစ်စစ်တောင်ဖြစ်သေးတာမဟုတ်ဘူးလေ
.......

စုန့်ချီ စိတ်ရှုပ်သွားသည်။

ပထမဆုံးတွေးမိတာကတော့ ဒီနှစ်ယောက်က သေချာပေါက် ကောင်းကောင်းကန်းကန်းကိစ္စတွေ
သွားလုပ်တာ မဟုတ်ဘူးဆိုတာပဲ ။

ရုန်ပိုင်က သူ့ကိုယ်ပိုင်ကိစ္စတွေကို လုပ်ဆောင်ဖို့ရှိသည်ဆိုလျှင် ဝမ်ချန်ချူးဟာလည်း သူ့ရည်ရွယ်ချက်နှင့်သူရှိသည်။ သူတို့နှစ်ယောက်လုံး စုန့်ချီကို ခေါ်သွားဖို့အစီစဉ်မရှိကြပေ။ ဒါကြောင့် နှစ်ယောက်လုံး တစ်ခွန်းတစ်ပါဒမှ မပြောဘဲထွက်သွားကြခြင်းပင်။

စုန့်ချီအတွေးထဲတွင်--

ရတယ်လေ၊ မင်းတို့ကငါ့ကိုမခေါ်ချင်ကြဘူးပေါ့ !!
ငါကလည်းလိုက်ချင်မနေပါဘူး !!!

ဒါကြောင့် သူသည် အိပ်ယာထဲပြန်ဝင်ခွေပြီး စောင်ခြုံကာ မိုးလင်းပေါက်ထိအိပ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း အိပ်ဖို့ကြိုးစားလေ၊ ပို၍အိပ်မပျော်လေဖြစ်သည်။ သူသည်အိပ်ယာထဲ အတန်ကြာသည်အထိ လူးလွန့်နေပြီးနောက်တွင်မူ စောင်ကိုဆွဲဖယ်ကာ ထလိုက်သည်။ ၎င်းနောက် အခန်းထဲမှ တိတ်တဆိတ်ထွက်ခွာသွားတော့၏။

အဆောင်အပြင်ဘက်တွင်မူ လရောင်ကဖြာကျနေပြီး သစ်ရွက်များတစ်ရှဲရှဲမြည်သံနှင့် လေတိုးသံများကိုသာ ကြားနေရ၏။ ပတ်ဝန်းကျင်တစ်ခွင်ဟာ လူခြေတိတ်ဆိတ်လျက်ရှိ၏။

စုန့်ချီ လကိုကြည့်၍ ယမန်နေ့ကမှဖြတ်လျှောက်ခဲ့သည့် မော့ယောင်ဂိုဏ်း၏ လမ်းများအတိုင်းလျှောက်လာလိုက်သည်။ အဆုံးတွင် အဆောင်ဝင်း၏တံတိုင်းကိုဖြတ်ကျော်လာပြီး ဦးတည်ချက်ရေရေရာရာမရှိဘဲ လမ်းတစ်ချို့ကို သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

မော့ယောင်ဂိုဏ်း၏ မြေပြင်တည်ဆောက်ပုံသည် သိပ်ကိုရှုပ်ထွေးလှပြီး စုန့်ချီအတွက် အလွန်စိမ်းသက်နေသည်။ အတန်ကြာ ကွေ့ပတ်သွားလာပြီးနောက်တွင် သူ့ပတ်ချာလည်၌ ထူထပ်လာသောသစ်ပင်များနှင့် အုတ်တံတိုင်းများသာရှိတော့သည်။ သူလမ်းပျောက်သွားလေပြီ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now