၀၅၃

1.6K 357 21
                                    

•••••UNICODE•••••

ဤအခိုက်အတန့်ဝယ် ရုန်ပိုင်က ယခုကဲ့သို့ ထကန့်ကွက်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ချေ။

စုန့်ချီ နှင့် ချင်ယွိတို့နှစ်ဦးသား သူ့အား တစ်ပြိုင်တည်း ကြည့်လိုက်မိကြသည်။

ချင်ယွိကမေး၏။

"ရှင်က ဘယ်သူလဲ ကျွန်မသိပါရစေ"

ရုန်ပိုင်ကမူ စုန့်ချီကိုသာ ကြည့်ပြီးပြော၏။

"ဒါ အချိန်တွေဖြုန်းနေတာ "

စုန့်ချီ ဇဝေဇဝါဖြင့် ရုန်ပိုင်အား ပြန်မေးလိုက်၏။

"သခင်ရုန်? သခင်ရုန့်မှာ တခြားနည်းလမ်းကောင်းများ ရှိလို့လား "

ရုန်ပိုင်က ကြေးမှုံဘိုးဘိုးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။

"ရှိတယ် "

ချင်ယွိရော ကြေးမှုံဘိုးဘိုးပါ နှစ်ဦးစလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ ချင်ယွိက အော်လိုက်၏။

"မဖြစ်ဘူး!"

ရုန်ပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ၏မျက်နှာသွင်ပြင်ဟာ ချက်ချင်း ပြောင်းလဲသွားပြီး နဂို နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။ သူ့လေသံဟာ အန္တရာယ်အငွေ့အသက်များဖြင့်သာ ပြည့်နှက်လို့နေ၏။

"ဟမ့်? "

စုန့်ချီပင် ထိုအခြင်းအရာကို မြင်လိုက်ရသည်နှင့် အံ့သြတုန်လှုပ်သွားရသည်။ အချိန်စက္ကန့်ပိုင်းအတွင်း သူသည် ပုံရိပ်ယောင်ထဲတွင် တွေ့ခဲ့ဖူးသော သွေးစီးချောင်းအလယ်၌ ခေါင်းပြတ်တစ်ခုကိုကိုင်ထားသည့် ရုန်ပိုင်၏ပုံရိပ်ကို ပြန်လည်မြင်ယောင်မိသွားသည်။ ယခုရုန်ပိုင်၏ မျက်နှာသွင်ပြင်သည် ထိုစဉ်ကနှင့် တစ်ထပ်တည်းတူလေ၏။

"သူက ခွင်းလွင်ကြေးမှုံရဲ့ အပိုင်းအစလေးတစ်ခုတင်ပါ..."

ချင်ယွိ၏အသံမှာ ဖျော့တော့နေပြီး စုန့်ချီကို အကူအညီတောင်းသလိုလည်း ကြည့်နေသေးသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now