၀၅၁

1.5K 336 5
                                    


UNICODE

စုန့်ချီ တံခါးပေါက်ထဲသို့ ခြေချလိုက်သည်နှင့် သူမြင်လိုက်ရသမျှ အရာတိုင်းဟာ အဝါထင်းထင်းအလင်းများဖြင့် လွှမ်းခြုံအုပ်မိုးနေသည်။

ထူးခြားဆန်းပြားသော မြင်ကွင်းများက သူ့အတွေးအာရုံထဲတွင် တလှစ်လှစ်ဖြတ်ပြေးနေပြီး သူ့အား အားကောင်းစွာ လွှမ်းမိုးထားသကဲ့သို့ရှိ၏။

သူမြင်လိုက်ရသည်မှာ မိုးရေများဖြင့်ရွှဲနစ်နေသော ကျန်းလျန်သည် သစ်သားတုတ်တစ်ချောင်းကို အမှီသဟဲပြုလျက် တံခါးဝမှအစောင့်များကို တိုးဝှေ့တွန်းထိုးရင်း သူ၏ကျိုးနေသော ခြေထောက်များဖြင့် အိမ်တော်ဝင်းထဲသို့ဝင်ရန်ကြိုးပမ်းနေသည့် ပုံရိပ်လေးကိုပဲဖြစ်သည်။

သူ့အနောက်မှ အစောင့်က ဓားအိမ်ထဲမှ ဓားကိုထုတ်လျက် ကျန်းလျန်၏လည်ပင်းကို ရွယ်သည်။ သို့သော် ကျန်အစောင့်တစ်ယောက်က တားဆီးလိုက်သည်။

" ဘာလို့ငါ့ကို တားတာလဲ! "

အစောင့်မှာ ဒေါသထွက်သွား၏။

" သူ့ကို ပေးဝင်လိုက်ကြရအောင် "

ကျန်တစ်ယောက်က ပြောသည်။

" ဒီကိစ္စကြီးက အပြီးသတ်ဖို့လိုနေပြီလေ "

" သူ့ကို သေတဲ့အထိ ရိုက်နှက်လိုက်ကြရင်တောင်မှလား?! "

စုန့်ချီသည် ဤစိုးရိမ်ပူပန်နေဟန် အော်ပြောလိုက်သံကြောင့် ကြက်သေ သေသွားရ၏။

အစောင့်နှစ်ယောက်ဟာ ထင်သလောက် ရက်စက်ကြမ်းကြုတ်တတ်ကြပုံ မပေါ်ပါချေ။

အစောင့်နှစ်ဦး အချင်းများလွန်ဆွဲနေကြစဉ် ကျန်းလျန်သည် ဒယိမ်းဒယိုင်ဖြင့် အိမ်တော်ဝင်းထဲသို့ ဝင်သွား၏။ သည်းထန်စွာသွန်းဖြိုးနေသော မိုးရေစက်များအောက်တွင် သူ အသံကုန်အော်ဟစ်လိုက်သည်။

" ဖုန်းကျော့ကျွင်းး!!!! "

အော်သံဟာ အရပ်မျက်နှာအဖက်ဖက်သို့ ပျံ့နှံ့သွားလေရာ လေမှုတ်တူရိယာသံများပင် တိတ်ကျကုန်၏။

FOX DEMON CULTIVATION MANUALUnde poveștirile trăiesc. Descoperă acum