၀၄၅

1.8K 404 42
                                    

-UNICODE-

စုန့်ချီသည် ယခုလိုအခြေအနေမျိုးထိ
ရောက်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။

သူသာ နယ်ရုပ်ရဲ့လမ်းကြောင်းအတိုင်း ရုန်ပိုင်ကို
နှုတ်ခမ်းချင်းဆိုင်ပြီး နမ်းလိုက်ရင် အစီအရင်ထဲက
ထွက်လာတဲ့အချိန်ကျ ရုန်ပိုင်ရဲ့လက်ထဲမှာ
ဖွတ်ဖွတ်ကြေအောင် သတ်ခံရရုံပေါ့ !!

ယောက်ျားကြီးတစ်ယောက်က တခြားယောက်ျားကြီးတစ်ယောက်ရဲ့ မပြောမဆိုနဲ့ လာနမ်းတာကို ဘယ်လိုလုပ် သည်းခံနိုင်မှာတုန်းလို့ ။
ဒါကြီးက သေလောက်အောင် အန္တရာယ်များတယ်လေကွာ မဟုတ်ဘူးလား။

စုန့်ချီမှာ ဖြစ်လာမည့်အကျိုးဆက်ကိုဆက်ပြီး
မတွေးရဲအောင်ကိုရှိသည်။ သူသည် ခေါင်းကိုသာ တစ်ဆတ်ဆတ်ခါရမ်းမိတော့သည်။

"ကျန်းလျန် အားး ကျန်းလျန်ရာ ခင်ဗျား ကျွန်တော့်ကို သေတွင်းပို့နေတာပဲ....."

သူ စကားကိုဆုံးအောင်ပင် အပြီးမသတ်နိုင်ခင် မြင်ကွင်းက ပြီးဆုံးသွားတော့၏။ သူသည် မြင်ကွင်းပြောင်းလဲမှုကို အချိန်မီ မတုံ့ပြန်လိုက်နိုင်သေးခင် တစ်စုံတစ်ယောက်က သူ့အား ဘေးသို့ဆွဲခေါ်ရင်း ခွေးခြေခုံပေါ်သို့ ဆွဲချကာ ထိုင်စေလိုက်သည်။

"ဟောတော့..နင့်မျက်ခုံးမွှေးက ဘယ်လိုဖြစ်ရတာတုန်း.ငါမနေ့ကပဲ ရိတ်ပေးလိုက်တာ
မဟုတ်ဘူးလား..ဘယ်လိုလုပ် ဒီနေ့ကျ
ပြန်ရှည်လာရတာတုန်း "

အသံတစ်ခုဟာ မြင်ကွင်းတစ်ခုနှင့်အတူ ပေါ်လာခဲ့ပြီး စုန့်ချီ၏မျက်နှာက ကြေးနီရောင်မှန်တစ်ချပ်ပေါ်တွင် အရောင်ပြန် ထင်ဟပ်လျက်ရှိသည်။

သူဟာ မှန်ထဲတွင် အသက်မဲ့နေသယောင်ရှိသည်။ သူသည် ခေါင်းကိုပင့်မြှောက်၍ကြည့်လိုက်သည်တွင် သူ့နံဘေးတွင် ရပ်နေကြသော အမျိုးသမီးနှစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအထဲမှ အမျိုးသမီးတစ်ယောက်၏လက်ထဲတွင် ပုံသဏ္ဌာန်ဆန်းဆန်းနှင့် ဓားသေးသေးလေး
တစ်လက်ကို ကိုင်ထားသည်။ သူမက စုန့်ချီ၏ မျက်ခုံးမွှေးများကို ရိတ်သင်ပေးလာရာ စုန့်ချီမှာ မသိလိုက်မသိဘာသာဖြင့် ရှောင်ဖယ်မိသွားသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now