Season 2 : Part 70 (Final)

9.2K 187 31
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, Final Episode

"ရှူထုတ်ရှူသွင်းသုံးကြိမ်လုပ်မယ်နော်"

"ရှူထုတ် ရှူသွင်း"

"ရှူထုတ် ရှူသွင်း"

"ရှူထုတ် ရှူသွင်း"

ဆရာမပြောတဲ့အတိုင်းအသက်ရှူသွင်းလိူက် ရှူထုတ်လိုက်လုပ်ပြီးမှ...

"ဟုတ်ပြီ...အားထည့်ပြီးညှစ်မယ်နော်"

"1..2..3 ညှစ်မယ်"

"အား...."

ဆရာမကသတင်းကိုညာသံပေးပြီးအားထည့်ညှစ်ခိုင်းပေမယ့် လူကသာအားကုန်ခါနီးဖြစ်နေကာ အခြေအနေကတိုးတက်မလာပေ။

"နောက်တစ်ခါညှစ်မယ်နော် အားလေးထပ်ထည့်မယ်...1..2..3"

မွေးခန်းထဲမှာသတင်းကဇောချွေးပြန်နေရသလို အပြင်မှာလည်း ဒေါ်မြတ်ထွဋ်ခေါင်နှင့်ဦးထွဋ်ခေါင်တို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း လူနှစ်ယောက်အတွက်ဆုတောင်းပေးနေကြရ၏။

တစ်ယောက်ကမွေးခန်းထဲမှာ။
တစ်ယောက်ကထိုင်းပင်လယ်ကွေ့၏တစ်နေရာရာမှာ။ တကယ်ကို ယောက်ျားဖောင်စီးမိန်းမမီးနေအခိုက်အတန့်ပါပင်။

"မောင်ထွဋ်...မောင်စူးရှဖုန်းကိုခေါ်ကြည့်ပါဦး"

*လူကြီးမင်းခေါ်ဆိုသော...*

"ကျစ်...ခုထိခေါ်မရဘူး မမြတ်"

လိုချင်သောအဖြေမဟုတ်တာကြောင့်ဒေါ်မြတ်ထွဋ်ခေါင်မှာရင်ပူသထက်ပူလာရ၏။

"အထဲမှာလည်းအဆင်မှပြေရဲ့လားမသိဘူး"

မွေးခန်းတံခါးဝကိုမျှော်ကြည့်လျက်ရေရွတ်နေမိကာ...

"တီမြတ်"

"လေပြေ...မောင်စက်မှော်ရုံဆီကဘာကြားသေးလဲ"

"အာ့တာလာပြောတာတီမြတ်ရဲ့...သတင်းထဲမှာပါလာတဲ့ helicopter ကကင်းတို့စီးလာတဲ့တစ်စင်းမဟုတ်ဘူး..ဒါပေမယ့် ကင်းဆီကလည်းအဆက်အသွယ်မရသေးတော့ပြောဖို့လည်းခက်နေတယ်"

သူမတို့ပြောနေဆိုနေကြတုန်း လေပြေက CNA သတင်းကိုဖုန်းထဲကထုတ်ဖွင့်ကြည့်လိုက်တော့ တိုင်ဖွန်းမုန်တိုင်းသည် အနီရောင်အဆင့်မှအဝါအဆင့်အဖြစ် အင်အားသေးမုန်တိုင်းအဖြစ်ပြောင်းသွားပြီဟုတက်လာလေသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now