Part 8: It can't be called love

3.5K 62 0
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

"ဟင့်အင်း မလာနဲ့"

"သတင်း..."

"အဟင့် ဖေကြီးရေ သတင်းကိုကယ်ပါဦး"

ဆေးရုံကုတင်ပေါ်လဲလျောင်းနေသောသတင်းသည် အနာရှိန်ကြောင့် အိပ်နေရာမှ ကယောင်ကတမ်းတွေပြောနေလေသည်။

"အဟင့် အဟင့်"

သိမ့်တစ်ယောက်ကတော့ သတင်းကိုနှိုးပစ်လိုက်ရကောင်းမည်ဟုတွေးမိ၍..

"သတင်း!"

"ဟင် သိမ့်"

နာမည်ခေါ်၍ လက်မောင်းသားလေးတွေကိုအတင်းလှုပ်နှိုးလိုက်မှပဲ သတင်းက အိမ်မက်မှနိုးလာ၏။ နိုးနိုးချင်းမေးလိုက်တာသည်..

"ဟိုသူခိုးရော ငါ့လက်မှာသွေးတွေနဲ့သိလား သွေးတွေ..."

"ဘာသွေးမှမရှိတော့ပါဘူး"

round လှည့်ရင်းရောက်လာသည့် ဆရာဝန်ကဝင်ဖြေပေးသည်။ထိုအခါ သိမ့်က သတင်းကိုဖြောင့်ဖျပေးရန်စစစ်ကူတောင်း၏။

"ပြောပါဦးဒေါက်တာ တစ်ညလုံး နိုးလာလိုက် ဒါပဲမေးလိုက်နဲ့"

"သွေးမြင်ရင်လန့်တတ်တယ်ထင်တယ် စိတ်ထဲမထား‌ေတာ့နဲ့နော်ညီမလေး သတိမမေ့ခင်ကကိစ္စတွေရော၊ သူငယ်အိမ်တစ်ချက်စစ်မယ်နော် နေသာသလိုနေ"

သတင်းကိုနှစ်သိမ့်စကားပြောပြီးတာနှင့် လုပ်စရာရှိတာလျင်မြန်စွာလုပ်ပြီး ဒေါက်တာကပြုံးပြနှုတ်ဆက်ကာပြန်ထွက်သွား၏။ထိုအခါမှ သိမ့်က

"ပြန်မအိပ်နဲ့တော့မယ်သတင်း အန်တီမြတ်‌ခဏနေရောက်တော့မှာ"

"ဘယ်လို အန်တီမြတ်သိသွားတာလား အဲ့တာမှငါခေါင်းကြိမ်းပြီ"

"မတတ်နိုင်ဘူး CV မှာအရေးပေါ်ဆက်သွယ်ရမယ့်နံပါတ်နင်ပဲဖြည့်ထားတာမို့လား ဘောစ့်တို့အ‌ေကြာင်းကြားလိုက်တာ ငါတောင်မသိလိုက်ဘူး အန်တီမြတ်ကတော့စိတ်အပူကြီးပူပြီး ငါ့ဆီတစ်နာရီတစ်ခါဖုန်းခေါ်လေရဲ့ ခုနကဆက်တာတောင် အေးသာယာရောက်နေပေါ့"

"ဟူး...ငါ့ကိုအိမ်အတင်းပြန်ခေါ်နေရင်ဒုက္ခပဲ"

"အမလေး ဒုက္ခတွေလှလှတွေဘာမှလုပ်မနေနဲ့ ငါလည်းနင့်ကိုဆေးရုံတင်ရတယ်ဆိုပြီး အဆောင်ကိုဘောစ့်တို့လာခေါ်တော့ ထူပူသွားတာသိလား...ပန်းအိုးကွဲအောင်တိုက်မိတဲ့အပြင်လက်ပါရှလာရတယ်လို့ ကိုယ့်သွေးကိုယ်မြင်ပြီးမေ့လဲတာ ဘောစ့်တို့နဲ့မကြုံရင် နင်တစ်ညလုံးရုံးခန်းထဲမှာသွားပြီ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now