Season 2: Part 69

4.3K 133 22
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 69]

"ကိုစူးရှလေးနက်"

"ဪ"

ခန်းမထဲကထွက်လာလာချင်း သူ့နံမည်ခေါ်သံကြောင့်ကင်းကလှည့်ကြည့်တော့ နောက်မှာရပ်နေသူကခေတ်သမိုင်း။

"ကျွန်တော့ကိုခင်ဗျားမှတ်မိပါတယ်နော်"

"မှတ်မိတယ်"

လေသံကတော့သူ့ထုံးစံအတိုင်းတိုပြတ်ပြတ်ပင်။

"ကျွန်တော်တို့ပရောဂျက်ကိုမရမကဝယ်တဲ့သူရှိတယ်ဆိုလို့..ဘယ်သူများလဲမှတ်တယ်ခင်ဗျားဖြစ်နေတာပဲ‌"

"idea လည်းကောင်းသလို marketing target ကလည်းအဆင်ပြေတယ်လေ"

"ဒါပေမယ့် Keen.tech က gaming ပိုင်းဦးစားပေးတဲ့ company မဟုတ်ဘူးလား..food delivery service ကအဲ့ဒိ domain နဲ့နဲနဲကွဲနေသလိုပဲ"

ကွဲလွဲနေတာသိသားပဲ။ သတင်းနဲ့ခေတ်သမိုင်းဆိုတဲ့ကောင်ပူးပေါင်းလုပ်ဆောင်ထားတဲ့ project မို့လို့ကိုတမင်ဝယ်ပစ်တာ။ ဒါမှ ဒီကောင်နဲ့အရှည်အရှည်တွေမဆက်ဆံရမှာ။ သဝန်ကြောင်တယ်ပြောပြော ကလေးဆန်တယ်ဆိုဆို သတင်းသူ့ဆီပြန်ရောက်လာ‌တာတောင်သူ့မှာရတတ်မအေးနိုင်ဖြစ်နေသေးတာကို။

"ကိုယ်ကမလိုအပ်ပဲနဲ့မဝယ်ပါဘူး"

သတင်းတစ်ယောက်တည်းတစ်ဦးတည်းပိုင်အဖြစ်လက်ထဲထည့်ပေးလိုက်ရင်ပြီးသွားပြီမဟုတ်လား။ ဒါဆို ထုတ်ရောင်းလိုက်ရသည့်သူမလေးလည်းပျော်သွားမှာ။

"လိုအပ်တဲ့လူလက်ထဲထည့်ပေးလိုက်ရလို့ဝမ်းမနည်းပါဘူး မလိုချင်‌ေတာ့လို့ပစ်ထားတော့မယ့်အချိန်ကျရင်တော့ကျွန်တော့လက်ထဲပဲပြန်ထည့်ပေးပါ"

သူပြောနေတာဒီပရောဂျက်တစ်ခုတည်းကိုရည်ရွယ်တာမဟုတ်မှန်း ယောက်ျားချင်းမို့ကင်းကသိသည်။ ယောက်ျားသားနှစ်ယောက်သည် အဓိပ္ပါယ်ပါသောအကြည့်တို့နှင့်မျက်နှာချင်းဆိုင်မိနေကြလျက်...

"အဟွန်း အဲ့ဒိလိုနေ့ရှိလာမှာမဟုတ်ဘူး"

"ခင်ဗျားပြောသလိုပဲဖြစ်ပါစေ"

သူ့ကိုစိတ်ချမယ်ဆိုသည့်အကြည့်တို့နှင့်‌စူးစိုက်ကြည့်ကာ ခေတ်သမိုင်းကပြောပြီးလှည့်ထွက်သွားပြီးမှ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now