Season 2: Part 53

3.4K 107 11
                                    

[Unicode]

"ချစ်လို့လွမ်းလို့သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 53]

"ဉီးထွဋ်ခေါင်"

"စူးရှလေးနက် မင်း!"

ကျဉ်းမြောင်းစူးရှသောအကြည့်တို့သာမြှားတစ်စင်းဖြစ်နေခဲ့လျင် သူတို့နှစ်ဦးလုံးကိုထိမှန်ကြမှာမလွဲပေ။

"မင်္ဂလာပါ"

နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကွေးရုံကွေးတက်သွားကာ ပြုံးသည်မမည်သောအပြုံးမျိုးနှင့်ကင်းကနှုတ်ဆက်သည်။

ဦးထွဋ်ခေါင်ကထိုအပြုံးကိုမီးဝင်းဝင်း‌တောက်‌နေသလိုမျက်လုံးများနှင့်စိုက်ကြည့်လိုက်ပြီး အခန်းထဲသို့ခြေတစ်လှမ်းတိုးဝင်လိုက်၏။ထို့‌နောက် ကင်းအင်္ကျီကော်လံကိုဆောင့်ဆွဲလိုက်ကာ...

"မင်း ငါ့အိမ်ထဲဘယ်လိုဝင်လာတာလဲ..ငါ့သမီးအခန်းထဲဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"ဟိုပြတင်းပေါက်ကဝင်လာတာ..လွန်ခဲ့တဲ့ဆယ့်ငါးမိနစ်လောက်ကတည်းက"

‌ဂရုမစိုက်စွာဖြေပုံက မသိရင်ရွဲ့ဖြေနေသလိုမျိုးဖြစ်လျက် ဦးထွဋ်ခေါင်၏ဒေါသမီးကိုလေပင့်ယပ်ခပ်ပေးနေသည့်နှယ်။

"ဦးစူးရှ..."

"သူမေးတာကိုယ်ဖြေတာလေ"

"ဟေ့ကောင် မင်းကိုသိချင်လို့မေးနေတယ်ထင်လို့လား"

"ဪ သိပြီးသားကိုး"

"မင်း!"

*ခွပ်*

ကင်းမျက်နှာတစ်ခြမ်းလည်ထွက်သွားကာ ပြန်လှည့်လာတော့နှုတ်ခမ်းထောင့်စွန်းမှာသွေးစတို့နှင့်ဖြစ်၏။

"ဘိုးဘိုးကြီး"

"ဟင်..."

"မီးမီးလေးဒယ်ဒီ့ကိုနာအောင်မလုပ်ပါနဲ့နော်"

လက်သေးသေးလေးတစ်စုံသည် ဦးထွဋ်ခေါင်၏ဘောင်းဘီစကိုဆွဲထားရင်း မျက်ရည်အဝိုင်းသားလေးနှင့်တောင်းပန်တိုးသျှိုးနေရှာ၏။

မြေးမလေးငိုနေတာလား။ သူ့မြေးမလေးရှေ့မှာ စူးရှလေးနက်ကိုမဆင်မခြင်ထိုးချလိုက်မိတာပေါ့။ သူ့ပုံစံကိုမြေးကကြောက်သွားလေမလား။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now