Part 10: She and her dad

3.1K 63 0
                                    

"ချစ်လို့ လွမ်းလို့့ သူ့အနမ်းတွေနဲ့နေချင်လို့" - [ Episode - 10 ]

"ကောင်မလေးအဆောင်ရှေ့ ကားရပ်ပြီးသွားစောင့်နေတာဆို"

"တာယာ"

လေပြေကသူမကြားသမျှ ကင်းကိုပဲအစ်နေတာကြောင့် တာယာ့လက်ချက်မှန်းတန်းသိပါပြီ။ သူ သူခိုးဖမ်းတော့
တာယာကသူခိုးလူမိလုံးဝမဖြစ်။ ပုခုံးတွန့်ပြီး မဲ့ပါပြလိုက်သေး၏။

"ခွေးကောင်"

သွားကြားစေ့သံနဲ့တိုးတိုးကြိတ်ဆဲတာတောင် ဒေါ်လေပြေကကြားဖြစ်အောင်ကြားသည်။

"အချင်းချင်းတွေ ဇာတိမဖော်ကြနဲ့"

"လေပြေ!"

ကင်းရောတာယာပါ နှစ်ယောက်လုံးပြိုင်တူခေါ်လိုက်ကြတာဖြစ်သည်။ထိုအခါလေပြေက မျက်ခုံးပင့်ပြီးပြန်မေး၏။

"ဘာလဲ မဟုတ်ဘူးလား"

"ငါကတော့ လူစင်စစ်ရေမရောဘူး"

"အေး ငါကလူတော့လူပဲ လူနဲ့နတ်ဖက်မွေးထားတာ"

တစ်ခုလောက်ပိုလိုက်ရမှကျေနပ်သည့်တာယာ့ကို အမြင်ကပ်ချင်သွားသည်။

"ဆေးထိုးတဲ့ကောင် တွေ့မယ်မင်း"

ကင်းက တာယာ့အင်္ကျီကော်လံကိုဆွဲစုပ်ယူကာ လက်သီးဆုပ်နှင့်စနောက်သတိပေး၏။ သကောင့်သားက ပြုံးဖြီးနေတာတစက်မှမလျော့။ ပြီးတော့ သူ့ကိုကြည့်ပြီးပစ်ပစ်နှစ်နှစ်ဝေဖန်သေး၏ "ကျလည်းကျတဲ့ကောင်" ဟု...။

ထိုနေ့ညနေက မှတ်မှတ်ရရ သင်္ကြန်အကျနေ့လည်းဖြစ်ကာ သူဖုန်းဆက်လိုက်တာနှင့် ဖိုင်လ်ထုပ်ယူပြီးအဆောင်တွင်းမှသူမလေးက ဂါဝန်လေးတလွင့်လွင့်နှင့်ပြေးထွက်လာသည်။ ကားဘေးမှာခပ်နွဲ့နွဲ့မှီရပ်နေသည့်သူ့အနားရောက်တော့မှ...

"သတင်းကနောက်ကျနေလို့ ဒီနေ့မယူတော့ဘူးထင်တာ ဒီမှာဖိုင်လ်ထုပ် ‌ဘာမှဖွင့်မကြည့်ဘူးဆိုတာအာမခံပါတယ် ပြီးတော့ကျေးဇူးလည်းတင်ပါတယ်"

"အင်း"

အင်းတလုံးတည်းနှင့် သူမကိုပဲမမှိတ်မသုန်ငေးစိုက်မိသွားသည့် သူ့ကိုယ်သူသတိမထားလိုက်မိပေမယ့် သတင်းတစ်ယောက်ကတော့ ပါးကုတ်နားကုတ်နှင့် မနေတတ်ပုံလေးသိသာစွာပြကာ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now