Season 2: Part 45

5.3K 108 5
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 45]

*ချလောက်*

သူမတံခါးဆွဲအဖွင့်..

"ရှင်!"

သတင်းမျက်လုံးနက်ကလေးတွေဟာအံ့ဩနေရင်လည်းချစ်စရာသိပ်ကောင်းကြောင်းသတိရစရာတွေပေါ်လာပြန်လျက်..

"ဦးရှ..ဦးစူးရှလေးနက်"

သူမကခေတ္တမျှကြောင်အမ်းသွားပြီးမှ ချက်ချင်းဆိုသလိုတံခါးကိုပြန်ပိတ်သည်။ ကင်းကလည်းထိုအခိုက်အတန့်လေးမှာတင် ဖိနပ်ခြေဦးနှင့်ထိုးခံလိုက်ကာ အခန်းထဲအမြန်ဝင်ချလိုက်သည်။ ထိုအခါသတင်းကနောက်သို့ဆုတ်သွား၏။

"ဘယ်လိုဖြစ်တာလဲ..ငါကဘာလုပ်မှာမို့လို့ တစ္ဆေသရဲတွေ့သလိုဖြစ်နေတာလဲ"

"အခန်းပြင်ပြန်ထွက်ပေးပါ ဦးစူးရှလေးနက်"

"အဟွန်း"

မဲ့လိုက်သလိုမျိုးပေမယ့် ရယ်သံတစ်ချက်ထွက်လာတော့သတင်းကစိမ်းစိမ်းဝါးဝါးစိုက်ကြည့်သည်။

သူကသတင်းကိုဂရုမစိုက်ပဲအခန်းထဲဝေ့ကြည့်တော့ မွေ့ရာပေါ်မှာစောင်ပုံကြားအိပ်ပျော်နေသည့်ကလေးငယ်လေးဆီမျက်လုံးရောက်သွား၏။ သတင်းကိုသူ့မြင်ကွင်းရှေ့ပိတ်ရပ်လိုက်ကာ...

"ကျွန်မနဲ့ရှင့်ကြားမှာဘာမှတွေ့ဆုံဆွေးနွေးစရာမရှိဘူးနော်..အချိန်မတော်ကြီးသူများအခန်းထဲကျူးကျော်ဝင်တာ လူကြီးလူကောင်းတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူးထင်တယ်"

"ဟုတ်လား..‌ငါကအစကတည်းကလူကြီးလူကောင်းမှမဟုတ်တာ"

ကင်းကရွဲ့သလိုလိုတကယ်လိုလိုမတည်မပြုံးမျက်နှာနှင့်ဖြေသည်။

သို့‌ေသာ် သတင်းပုခုံးလေးကိုကျော်လွန်ပြီး သူကသမီးအိပ်နေတဲ့ဆီကိုပဲစိတ်ဝင်တစားကြည့်သည်။ သတင်းကလည်းသူသတိထားမိသွားမှာကိုမလိုချင်တာကြောင့်...

"ဒီမှာ..ရှင်ဘာကိစ္စရှိလို့လဲ..ကျွန်မကိုကြည့်ပြီးပဲစကားပြောပါ"

သတင်းစကားမှားသွားသည်။ ကင်းကသတင်းကိုမချိုမချဉ်ကြည့်လျက်...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now