Part 17: Kill me please...

3K 64 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 17]

"မဟေသီ!"

"ဟုတ်ပါတယ် မဟေသီပါ"

"မင်းနံမည်ကိုအရသာခံဖို့ ခေါ်ပေးနေတာမဟုတ်ဘူး..မက်နေတဲ့အိမ်မက်ထဲကနိုးလာအောင်နှိုးပေးနေတာ.."

"အဟ‌ွန်းဟွန်း..မမြတ်ကိုပဲ ဒါဟာအိမ်မက်လားတကယ်လားဆိုတာသိအောင် ကိုယ့်အသားကိုယ်ဆွဲဆိတ်လိုက်စေချင်တာ"

မထိတရိသော သရော်ပြုံးတို့ပန်ဆင်ထားသည့်မျက်နှာနှင့်လိုက်ဖက်စွာ မဟေသီ၏စကားလုံးတို့သည်ရုန့်ရင်းလျက်...

"သွားလေသူကိုကို့သေတမ်းစာအရဆို မဟေသီကသာ "မြတ်ရတနာ" ခြံရဲ့ ပိုင်ရှင်ဖြစ်လာရမှာ..ဒါပေမယ့်..မမြတ်ကိုမိန်းမသားချင်းလည်းကိုယ်ချင်းစာတယ် ကိုယ့်အဖေကဘာအလုပ်'လုပ်ပြီးကြီးပွားနေမှန်း‌ေတာင်မသိတဲ့ မျက်စိသူငယ်နားသူငယ်မိတဆိုး"ပန်းကလေး"ကိုလည်း သမီးလေးလိုသဘောထားလို့ ဒီအိမ်ကြီးမှာမမြတ်တို့ဆက်နေခွင့်ရတယ်ဆိုတာသဘောပေါက်ပါ"

"ဟုတ်ပြီ..ဒီစကားပြောမှထွက်လာပါ့မလားလို့"

ဒေါ်မြတ်ထွဋ်ခေါင်ကသူမယှဉ်ပြောရမည့် မဟေသီ၏ စရိုက်သွင်ပြင်အားလုံးကို‌ေခြဆံုး‌ေခါင်းဆံုးဆင်ခြင်ပြီးမှ စကားတစ်လုံးစီတိုင်းအတွက်တာဝန်ယူရတော့မယ့် "မဟေသီ"၏မျက်နှာအားစေ့စေ့ကြည့်လိုက်ကာ...

"ထွဋ်ခေါင်ဟာငါ့မောင်တော့ငါ့မောင်ပဲ..မင်းမသိတာက သူကငါ့မိဘတွေအမွေစားအမွေခံအဖြစ်မွေးစားခဲ့တဲ့သား၊ ပန်းလေးရဲ့မိခင်မွှေးရနံ့သင်းကငါ့ရဲ့ညီမလေးဝမ်းကွဲ...ဖိတ်မယ့်ငွေကိုယ့်အိတ်ထဲဖိတ်ခဲ့တဲ့လက်ထပ်ပွဲမှာ နောင်ရေးအတွက်ကတိကဝတ်တွေချည်နှောင်ခဲ့ကြတာကို..မင်းပြောတဲ့သေတမ်းစာကခုတ်မယ့်ဓါးဆို ငါတို့ကတိတွေကရေပဲမဟေသီ"

"ထွဋ်ခေါင်နဲ့မွှေးနှစ်ယောက်စလုံးက မိဘတွေဆီကရမယ့်အမွေပိုင်ဆိုင်မှုအားလုံး သားသမီးရင်သွေးရတာနဲ့ တခါတည်းအပြီးလွှဲပြောင်းဖို့ကတိတည်ခဲ့ကြတာ..ပန်းလေးမွေးပြီးတာနဲ့မွှေးမတိမ်းပါးခင် ပန်းလေးအမည်နဲ့အားလုံးလွှဲပြီးသား..ထွဋ်ခေါင်နံမည်နဲ့ပိုင်တာဆိုလို့ သုံးလောကရဲ့ငွေမည်းတွေပဲရှိတယ်..ဒါတွေကိုလည်းပန်းကလေးကမက်မောနေမှာမဟုတ်ဘူး မင်းအတွက်ကြိုရေစက်ချပေးလိုက်တဲ့သ‌ဘောပေါ့ ယူချင်ယူလိုက်ပါ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now