Part 1:I don't have any ideas how we met

24K 230 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့.."
[Episode - 1]

"ရှေ့မတိုးလာနဲ့နော်"

"ဟ"

"အား ကျွတ်ကျွတ်"

ခေါင်းတစ်ခုလုံးမီးပွင့်မတတ် မူးမိုက်ပြာဝေသွားကာ ကျိန်းစက်ကျန်ခဲ့သည့်နဖူးကို ညာလက်ဖုမိုးနဲ့ဖိပွတ်ညည်းညူရင်း ပစ်တိုက်ချလိုက်သည့်သူမကိုတအံ့တဩကြည့်မိသည်၊‌သံမဏိနဖူးကောက်တပ်ထားသလားမှတ်တယ်..သူဒေါသလည်းထွက်သွားကာ..

"မင်း!"

"ဘာလဲ ရှင်ဘာလုပ်မလို့ကြံစည်နေတာလဲပဲပြော"

"မင်းကရောဒီအချိန်ကြီးထိ ဘာလို့ဒီနေရာမှာရှိနေလဲ"

သူမတစ်ချက်တော့တွေသွားသည်။ ဟုတ်ပါ့...ငါဘာလို့စာကြည့်တိုက်ထဲဒီအချိန်ကြီးထိအိပ်ပျော်နေမိပါလိမ့်..ဟိုဂျစ်တူးမနှစ်ကောင်ချွန်သွားပြန်ပြီထင်သည်။

"ကျွန်မက ကျွန်မကိစ္စနဲ့ကျွန်မ"

"ငါလည်းငါ့ကိစ္စနဲ့ငါ"

ပြောပြီး သူကချက်ချင်းကျောခိုင်းလှည့်ထွက်သွားရန်ပြင်သည်...

"နေပါဉီး"

ထိုကျောပြင်ကို အမိအရလှမ်းဆွဲတော့ သူ့အင်္ကျီ‌ေကာ်လံစသည် သူမလက်သီးဆုတ်ထဲပါလာကာ လည်ပင်းအစ်အောင်ဆွဲမိသလိုဖြစ်သွားသည့်နောက်..

"ဟ မင်း"

"အဲ့..ဒါကမတော်တဆ"

သူကဖြတ်ခနဲလှည့်ကြည့်မိသည်အထိ ခုနကတော့တမင်ရည်ရွယ်တယ်ဆိုတာသိအောင်ပြောလိုက်တာလား..။

"ခုနကလည်း မှောင်ထဲမဲမဲကုန်းကွပြီးအနားရောက်လာတော့ မသမာတာလုပ်မယ့်လူထင်ပြီး ရှိသမျှအားနဲ့ပစ်တိုက်လိုက်မိတာပါ ကျွန်မကမိန်းကလေးဆိုတော့..."

"ရပြီ မင်းကျောင်းဆောင်ကလား"

"ဟုတ်တယ် ကျွန်မတစ်ယောက်တည်း..."

"ဟဲ့ သတင်း"

"ဟင်"

နှစ်ယောက်လုံးပြိုင်တူလှည့်ကြည့်လိုက်တော့မှ သတင်းသူငယ်ချင်းမလေးတွေ Hall tutor တီချယ်နှင့်အတူရောက်ချလာတာ‌ဖြစ်သည်...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now