Part 22: Love the Pain

3.1K 60 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 22]

ဦးစူးရှကအရေးကြီးကိစ္စမဟုတ်ရင်သူ့ကိုမခေါ်ဖို့မှာထားတာမို့လို့ ဘယ်လိုကိစ္စကိုများအရေးကြီးတယ်လို့ခေါင်းစဉ်တပ်ရမလဲ။

ကြံလိုက်တိုင်းမအောင်မမြင်ဖြစ်နေတာနင်ညံ့လို့ပဲသတင်း။ ရှေးကစာတွေထဲမှာတော့ စစ်တိုက်မယ်ဆိုရင်တောင်သေနင်္ဂဗျူဟာရှိရသည်တဲ့။ ဒီတစ်ခါတော့ဗျူဟာကျကျချဥ်းကပ်ပြီးပိုအကွက်စေ့နိုင်မှ သူငြင်းလို့မရတဲ့အကြောင်းပြချက်နဲ့မှ ဒီအိမ်ဒီနေရာကထွက်သွားရမှာမဟုတ်လား။

စဉ်းစားစမ်း။
ခေါင်းသုံးစမ်း။

ထမင်းစားပွဲပေါ်မေးထောက်စဉ်းစားနေရင်းစားပွဲကိုလက်ညှိုးနဲ့တထောက်ထောက်ခေါက်နေမိလေသည်။

ထောက် ထောက် ထောက်...

ခေါင်းထဲမှာမီးလုံးလေးလင်းသွား၏။

"ဟုတ်ပြီ"

လက်ဖျောက်တစ်ချက်တီးလိုက်ပြီးမှ...

"အင်း..‌တကယ်လို့ဒီအကြံမ‌ေအာင်မြင်ရင်ရောနင်ဘာဆက်လုပ်မလဲမယ်သတင်း"

မနက်ခင်း ကိုးနာရီဝန်းကျင်လောက်ဆိုဈေးကားလာ၏။ ထိုဈေးကားမှာ ဟင်းသ‌ီးဟင်းရွက်၊ ပဲပြားတို့ဟူးနှင့်အခြောက်အခြမ်းမျိုးစုံပါသည်။ဒီတစ်ပတ်အတွင်း သတင်းသတိထားကြည့်ရသလောက် ဦးစူးရှကထိုဈေးကားမှတဆင့်ဟင်းစားဝယ်ပုံရကာ အပြင်ထွက်ဖို့တအားဝန်လေးတဲ့ဦးစူးရှဟာ သတင်းထွက်သွားမှာတော်တော်စိတ်မချဖြစ်နေတာလားမပြောတတ် တခြားလိုအပ်တာတစ်ခုခုရှိတိုင်းထိုကားကဒါရိုင်ဘာဦးလေးကြီးကိုပိုက်ဆံပေးမှာတတ်သည်။ ဒါရိုင်ဘာဦးလေးကြီးကိုသာ သတင်းအကူအညီတောင်းလိုက်ရင် ကလောမြို့ထဲအထိတော့လိုက်သွားနိုင်မည်။ ပြီးရင်တော့ ကလောမှအောင်ပန်းကိုသွားပြီး ကား လက်မှတ်ဖြတ်မည်။ အောင်ပန်းမှတစ်ဆင့်မန္တလေးကိုပြန်မည်။

ပါလာတဲ့သတင်းပိုက်ဆံလေးအနည်းငယ်နှင့်ဒါရိုင်ဘာဦးလေးကြီးကိုလာဘ်ထိုးရမှာဆိုတော့ မန္တလေးအထိခရီးစားရိတ်လောက်နိုင်ပါ့မလား။ တီမြတ်ဆင်ပေးထားသည့် ဆင်မြီးလက်စွပ်လေးကိုဖြန့်ကြည့်လိုက်ရင်း...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now