Part 25: Confession

3.1K 55 0
                                    

"ချစ်လို့ လွမ်းလို့ သု့အနမ်းတွေနဲ့နေချင်လို့"
[Episode - 25]
    
      ဒဏ်ရာကငါးချက်ချုပ်လိုက်ရသည်။ ဒီတစ်ခါလေပြေ့ထံမှာမဟုတ်ပဲ ကလောကတိုက်နယ်ဆေးရုံလေးကိုပဲဝင်ပြလိုက်ရသည်။ထိုဆေးရုံက ဒေါက်တာ‌၏ treatment ကောင်းမှုကြောင့် ချုပ်ရိုးသေသေသပ်သပ်နှင့်သူ့ဒဏ်ရာကခုနကလောက်ရုပ်မဆိုးတော့ပေ။ ဒူးအထက်ပေါင်ရင်းမှာမို့ အနာချုပ်နေတုန်းသတင်းကလိုက်ဝင်မလာ။

"လူနာကထိုးဆေးလက်မခံဘူးဆိုရင် အနာကကိုက်လိမ့်မယ် ခင်ဗျားကလူနာရှင်လား"

"ဟုတ်ပါတယ်"

တာယာကခေါင်းငြိမ့်ပြောပေမယ့်ကင်းက

"မဟုတ်ပါဘူး အပြင်ကတစ်ယောက်ပါ"

တာယာ့ထဲမှဂျိုကြည့်တစ်ချက်ရလိုက်၏။

"ဪ ညီမလေးပါတာလား"

"ဟားဟားဟား"

ခေါင်းမော့ရယ်လိုက်တဲ့တာယာ့ပါးစပ်ပေါက်ကြီးကပိတ်ထိုးပစ်ချင်စရာ။ သူ့ကြည့်နေတာကိုသိတဲ့တာယာကလည်း အရယ်ရပ်လိုက်ပြီးသူ့အစားဝင်ဖြေပေး၏။

"မဟုတ်ဘူးဒေါက်တာ အာ့တာ သူ့ဇနီး"

"ဟာ ဆောရီးပါအကို ကျွန်တော်က.."

"ရတယ်ဒေါက်တာ"

"ကျွန်တော်အကိုက်အခဲပျောက်ဆေးပေးထားမယ် ခင်ဗျားမှာဆီးချိုရှိသေးလား တခြား မတည့်တဲ့ဆေးရောရှိလား"

"မရှိဘူးဒေါက်တာ"

"အရွတ်ထိမသွားလို့လမ်းကတော့လျှောက်လို့ရပါတယ် ဒဏ်ရာရှိတဲ့ဘက်ကိုသာတအား,အားပြုပြီးမခိုင်းမိစေနဲ့ပေါ့ ခဏနေရင်ဆေးစာယူပြီးပြန်လို့ရပါပြီ"

"ကျွန်တော်သုံးဖို့လက်ကိုင်တုတ်ဘာညာရောစီစဉ်ပေးလို့ရလားဒေါက်တာ"

"အိုကေဗျာ ဒီကအကို.."

တာယာ့ဘက်ကိုဒေါက်တာကလှည့်မေးတော့ ဘယ်အချိန်ကတည်းကမိတ်ဆက်ချင်နေသလဲမသိ...

"ကျွန်တော့နံမည်တာယာမိုးမြင့်ပါ ဒီလူနာကစူးရှလေးနက် ကိုတာယာနဲ့ကိုကင်းလို့ခေါ်လို့ရပါတယ်ဒေါက်တာ"

"ဟုတ်ကဲ့ ကျွန်တော်ကဒေါက်တာစည်းစိမ်ပြည့်သျှန်ပါ သျှန်လို့ခေါ်နိုင်ပါတယ် ဆေးရုံကိုထပ်လာဖို့ပြောဖို့မသင့်ပေမယ့် အရေးအကြောင်းဆိုကျွန်တော့ကိုအကူအညီတောင်းနိုင်ပါတယ် အခုတော့ဒီဆေးစာကိုကောင်တာသွားပေးမလို့ ခဏခွင့်ပြုပါဦး"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now