Season 2: Part 67

4K 137 20
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 67]

*ချပ် ချပ် ချပ်*

နာရီလက်တံ၏ တချက်ချပ်မြည်သံနှင့်အတူသူမနိုးလာရ၏။ ဗိုက်ထဲမှာတစ်ချက်တစ်ချက် ခံစားမိလိုက်သည့်အထိအတွေ့ကြောင့်နိုးလာသည်ဆိုလည်းပိုမှန်ပါသည်။

တစောင်းကွေးအနေအထားနှင့် ဦးရှလက်မောင်းပေါ်မှာအုံးထားသည့် ခေါင်းကိုလှုပ်လိုက်တော့ အအိပ်ဆက်သည့်ဦးရှကချက်ချင်းနိုးလာသည်။

"အိပ်မပျော်ဘူးလားသတင်း"

"ဗိုက်ထဲကကန်နေတယ်ဦးရှ"

"ဟုတ်လား"

သတင်းဗိုက်ပူပူလေးပေါ်သူ့လက်ဖုဝါးတို့ရောက်လာပြီး...

"အထဲကသားသားလေးကငြိမ်ငြိမ်မနေဘူးထင်တယ်..မာမီသနားပါတယ်ကွာ ငြိမ်ငြိမ်လေးနေနော်"

သားသားလေးလားမီးမီးလေးလားမသိရသေးတာတောင် တယူသန်သားသားလေးလုပ်နေတာကို သတင်းကပြုံးပြီးကြည့်နေမိ၏။

"ဘာပြုံးတာလဲ"

"ဦးရှကိုသဘောကျလို့"

"သားရူး,ရူးနေပြီဆိုပြီးတော့လား"

လင်မယားနှစ်ယောက်သန်းခေါင်ကျော်နိုးလာရင်းက ပြန်မအိပ်ဖြစ်သေးပဲ...

"ဗိုက်ထဲကဘေဘီလေးကဘာလေးမှန်းမသိသေးပဲနဲ့များ"

"သားသားလေးပဲဖြစ်မှာ...ကြည့်ပါလား..သူကအထဲကနေငါကွယောက်ျားဆိုပြီးသတင်းကိုကန်နေတာ ဒီကောင်ဘောလုံးသမားဖြစ်မလားမသိဘူး"

"ပြောလိုက်ပြန်ပြီဘောလုံးသမား...ဟိုတစ်နေ့ကထမင်းလေးနှစ်ပန်းကန်စားလိုက်မိတာကျတော့ food blogger ဖြစ်မှာဆို"

"ကိုယ့်သားက ဘောလုံးသမား food blogger ဖြစ်မှာ"

ဟုတ်တော့ဟုတ်သည်။ မိုချီလေးတုန်းကအထဲကကန်ပေမယ့် ဒီတစ်ဗိုက်လောက်အကြိမ်ရေမစိတ်ပေ။ ဦးရှပြောသလို သားသားလေးဖြစ်နေမလား။

"တစ်ထစ်ချပြောလို့မရသေးပဲနဲ့ Ultrasound ရိုက်ကြည့်မှသိမှာပေါ့"

"ရိုက်စရာမလိုပါဘူး ကိုယ်ကစက်နဲ့တာယာတို့ကိုအားကျပြီး သားလိုချင်တယ်သာပြောတာ မင်းကမွေးတဲ့ကိုယ့်ဘေဘီလေးတွေသာဆိုဘာလေးဖြစ်ဖြစ်ချစ်မှာပဲ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now