Season 2 : Part 63

4.4K 133 11
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2,[Episode - 63]

"ဒါဆို အဲ့ဒိ result ကဘယ်သူ့ဟာလဲ..ဦးရှနော်သတင်းကိုလိမ်မနေနဲ့"

ကာယကံရှင်ကမဟုတ်ပါဘူးဆိုဒီကောင်မလေးတော့။

"လိမ်စရာလားကွာ..မင်းဘယ်သူနဲ့မှားလာတာလဲပြော"

အသဲယားယားနှင့် သတင်းနဖူးလေးကိုမနာအောင်ခပ်ဖွဖွထုလိုက်ပြီးကင်းကရယ်ချင်ပက်ကျိမျက်နှာနှင့်မေးသည်။

"အာ့တာ မခင်မျိုးချစ်ဆီကသိရတာ သူလည်းဦးရှမှန်းသိတယ်"

သတင်းကအခုချိန်ထိသူမထင်နေတာကိုပဲအမှန်လို့ယူဆနေတုန်းဆိုတာ သူသိလိုက်၏။ထို့ကြောင့်...

"လာ ကိုယ်နဲ့လိုက်ခဲ့"

သတင်းလက်ကောက်ဝတ်လေးတစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး ကင်းကရှေ့ကထွက်သည်။သူဆွဲခေါ်ရာနောက်ပြန်ပါလာရသည့်သတင်းက...

"ဘယ်..ဘယ်ကိုလဲဦးရှ"

"ဂရုဏာသျှန်ကိုသွားကြမယ်"

"အခုချက်ချင်းလား"

"အင်း"

ပြောရင်းဆိုရင်းသူ့နောက်ပါလာရာက သတင်းကိုယ်လေးကားပေါ်ဝင်ထိုင်ပြီးသားဖြစ်သွားမှ ကင်းကသူမကိုယ်လေးကို seatbelt သေချာတပ်ပေးကာ...

"မင်းကလေ အခုထိကိုကိုယ့်ကိုမယုံသေးတာသိလား"

"မယုံလို့မဟုတ်ပါဘူး သတင်းလည်းဦးရှပြောတဲ့အတိုင်းတကယ်ဖြစ်ပါစေပဲတွေးတာပါ"

ကင်းကကားကိုဘီးလှိမ့်ရုံမောင်းထွက်လိုက်ပြီး...

"တကယ်ဖြစ်နေရင် မင်းကကိုယ့်ကိုထပ်ထားသွားမှာလား"

"ဘယ်တော့မှထားမသွားဘူး"

မင်ညာနေရင်တောင်ညာတာလေးပဲယုံချင်တယ်သတင်းရယ်။ သူသက်ပြင်းမသိမသာချလိုက်ပြီး သူမလက်လေးကိုတင်းခနဲဖျစ်ညစ်လိုက်မိသည်။

_
_
_

"မခင်မျိုးချစ်က duty off တဲ့"

"ဒါဆို ပါမောက္ခကြီးနဲ့တွေ့လို့ရမလား"

မခင်မျိုးချစ်နေရာမှာတာဝန်ကျသည့်သူနာပြုလေးကပြောလိုက်တော့ ကင်းကသတင်းလက်ကိုမလွှတ်ပဲ ပါမောက္ခဦးထူးချွန်နှင့်တွေ့ခွင့်တောင်းသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now