Season 2 : Part 64

5.2K 130 7
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season-2,[Episode-64]

"မေမေကဆီကြော်တွေအစားများသွားတာလေ...အစားအသောက်ရှောင်ပြီးအငတ်ခံရတာလူအလုပ်မဟုတ်ဘူးတဲ့ စားချင်တာစားပြီးသေသွားလည်းသေပျော်တယ်တဲ့လေ"

"လူကြီးတွေအသက်အရွယ်ရလာပြီဆို ခံတွင်းပျက်ကြတာများတယ်..သူတို့အရသာတွေ့တာလေးဆိုလည်း မရှောင်နိုင်ကြတော့ဘူး"

"ဟုတ်ပါ့ သတင်းရယ်..တော်သေးတာကအချိန်မှီဆေးရုံတင်လိုက်နိုင်လို့ပေါ့ နဲနဲဗျာများသွားတာပဲရှိတာ"

မမလေ‌ပြေ၏အမေကိုလူနာသတင်းမေးပြီး သတင်းတို့ပြန်ထွက်လာတော့ ‌မမလေပြေကအောက်အထိလိုက်ပို့သည်။သတင်းနှင့်မမလေပြေကရှေ့မှာ စကားဖောင်ဖွဲ့ရင်းတွဲလျှောက်လာကြသလို ဦးရှနှင့်ကိုတာယာလည်းအနောက်မှာအတူပါလာကြ၏။

"နင်လည်းအန်တီ့အတွက်ရော မိသားစုအတွက်ရောအလုပ်များနေမှာပဲ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဦး"

"အဲ့ဒိအတွက်ကတော့ ငါတစ်ယောက်လုံးရှိပါတယ်ကွာ"

ပုခုံးချင်းဖက်‌ကာပြောနေသည့်တာယာ့ကို...

"အဲ့ဒိတစ်ယောက်လုံးကဂရုစိုက်နေတာမြင်သားပဲ လေပြေကသူ့ကိုယ်သူမညှာတတ်လို့သတိပေးတာ"

"ကြားတယ်နော်လေပြေ ကင်းတောင်ပြောနေပြီ"

"အင်းပါ"

ငယ်သူငယ်ချင်းကနေအိမ်ထောင်ဖက်ဖြစ်လာကြသည့် သူတို့နှစ်ယောက်ဟာအခေါ်အဝေါ်တွေမပြောင်းနိုင်ကြသေးသော ငယ်ကျွမ်းဆွေစစ်စစ်တွေဖြစ်ကြ၏။

"အပြင်မှာမိုးရွာနေပါလား"

"ဟုတ်ပါ့မိုးကြီးနေတာပဲ...အချိန်လည်းနောက်ကျနေပြီ ကလောအထိကားမောင်းလို့အဆင်ပြေပါ့မလားကင်းရဲ့"

"ပြေပါတယ် ဒီမိုးကခဏလောက်နဲ့တိတ်မှာပါ"

ကင်းကအလွယ်လေးခန့်မှန်းလိုက်ကာ နာရီငုံ့ကြည့်လိုက်ပြီး...

"ရှစ်နာရီပဲရှိသေးတာ ဖြေးဖြေးမှန်မှန်မောင်းရင်ရပါတယ်"

"ဖြစ်ပါ့မလားကင်း"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now