Season 2 : Part 65

5.3K 135 10
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2[Episode - 65]

"ဟင်း မွှေးနေတာပဲ"

သတင်းနိုးလာတော့ဘေးမှာသူမရှိတော့တာကြောင့် ရေချိုးမျက်နှာသစ်ပြီး ညကအခြောက်ခံထားတဲ့အဝတ်တွေပြန်လဲကာ ထွက်လာလိုက်သည်။ မီးဖိုခန်းဘက်ကအနံ့တစ်ခု၏ဆွဲဆောင်မှုနောက်ပါလာတော့ ဦးရှကအေပရွန်ကြီးနှင့်စားဖိုမှူးလုပ်နေ၏။

သတင်းကိုလှည့်ကြည့်ပြီးသူပြုံးပြလိုက်ကာ...

"နိုးပြီလား...စားပွဲပေါ်မှာနွားနို့ပူလေးကျိုပေးထားတယ် အရင်သောက်ထားနှင့်"

သတင်းထမင်းစားပွဲခုံမှာဝင်ထိုင်လိုက်ပြီး နွားနို့ခွက်ကလေးကိုင်ကာ သူချက်ပြုတ်နေရာဆီလည်ပင်လေးရှည်ကြည့်ရင်း

"ဘာတွေချက်နေတာလဲဦးရှ"

"စားတော့မှကြည့်လေ ကိုယ်ပြီးတော့မယ်"

"ဟုတ်ပါပြီ"

ဟုတ်ပါပြီလို့ပြောပေမယ့် စကားနားမထောင်သည့်သတင်းကသိချင်စိတ်နှင့် သူ့နောက်နားအသာလေးကပ်သွားသည်။ ဦးရှခါးကိုသိုင်းဖက်လိုက်ကာ သူ့လက်တွေကြားထဲကနေ ဟင်းအိုးကိုခေါင်းကလေးစောင်းပြီးစပ်စုသည်။

"wow...အရောင်ကိုစုံနေတာပဲ"

"ဈေးကားသည်ကြီးကိုမှတ်မိတယ်မလား"

ကင်းကခရုဆီဖြန်းထားသည့်ရေပြောင်ဖူး၊ ခါကြက်ဥ၊ ငရုတ်ပွသီးနီနီလေးတွေကိုမွှေပေးရင်းသူမကိုစကားပြန်သည်။

"ဦးကြီးလား"

"အင်း..မနက်ကကိုယ်နိုးတဲ့အချိန် သူကလည်းဒီအိမ်မှာလူရိပ်တွေ့လို့ဝင်လာတာနဲ့ကြုံသွားတယ် အာ့တာနဲ့မင်းအတွက်လည်းမနက်စာချက်ပေးဖို့သူ့ဆီကပဲအားပေးလိုက်တာ"

"နေပါဦး...ဟင်းခတ်အမွှေးအကြိုင်တွေပါဒီအိမ်မှာအဆင်သင့်ရှိနေတာလား"

"ရှိတယ်လေ အရင်လကကိုယ်လာဖြစ်သေးတယ် အဲ့ဒိတုန်းကတစ်ယောက်တည်းစားချင်တာလုပ်စားဖို့ဝယ်ထားတာ"

"ဦးရှက ဒီအိမ်ကိုခဏတိုင်းလာတာလား"

"မင်းကိုသတိရရင်ပေါ့...ကိုယ့်ကိုဗီရိုထဲက ပန်းကန်ပြားလေးထုတ်ပေးပါလား"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now