Part 37: Flash Back

2.8K 59 6
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 37]

အိပ်မောကျနေတာတောင်လူကိုတင်းနေအောင်ဖက်အိပ်ထားသည့်လက်မောင်းသားတွေကြားထဲကမနည်းရုန်းထွက်လိုက်ကာ မသေမသပ်ဖြစ်နေသည့်ကိုယ်ကိုပြုပြင်ရင်းအိပ်ရာကထလိုက်ရ၏။

"သတင်းကိုအနိုင်ကျင့်တာများပြီနော်"

အိပ်မောကျနေသည့် ဦးရှ၏နှာတံစင်းစင်းကိုလက်ညှိူး‌ေလးနှင့်တို့ထိရင်းစူပုတ်ပုတ်လေးပြောမိ၏။မျက်နှာချောချောကကြည့်လို့ကောင်းပေမယ့် ရမက်ဆန်သည့်အနမ်းတို့ကိုသတိရ‌သွားတော့ ပန်းရောင့်ရင့်သွားသည့်ပါးနှစ်ဖက်ကိုအုပ်ကိုင်လိုက်မိသည်။ သူမတို့အဖြစ်ကချစ်ခဲ့ကြပြီးမှအစကပြန်ရင်နှီးယူရသည့်သူတွေလိုဖြစ်သွားကြပြီး မမြင်ဖူးခဲ့သည့်ဦးရှရဲ့ dimension အမျိုးမျိုးကိုသူမသိခဲ့ရသည်။  ယူတတ်ရင်အမြတ်တွေချည်းပဲ မြတ်ပန်းသတင်းရေလို့သာကိုယ့်ကိုကိုယ်ဖြေသိမ့်နေယုံပေါ့။

ဒီနေ့ဟာ အားလုံးမုန်းကြတဲ့တနင်္လာနေ့ပဲဖြစ်သည်။ သူမကျောင်းသွားဖို့ပြင်ရဦးမှာမဟုတ်လား။ ရေမိုးချိုး၊ကျောင်းဝတ်စုံလဲပြီးထွက်လာတော့ အိပ်ရာပေါ်မှာဦးရှမရှိတော့ပါ။

"ဟင် သူဘယ်ရောက်သွားတာလဲ"

ဦးရှအိမ်ကိုသူမအခုထိမရင်းနှီးသေးပါ။ အရင်ကဦးရှအိပ်ခန်းမှာပဲ မင်္ဂလာမောင်နှံအိပ်ခန်းလုပ်ပစ်လိုက်တာကြောင့်ဘာမှပြောင်းလဲသွားတာမရှိပေမယ့် အခန်းပိုင်ရှင်ရဲ့စိမ်းကားမှုတွေကြောင့် ဤအခန်းသည်လည်းစိမ်းသက်သက်ပါပဲ။

Timetable စစ်ပြီးစာအုပ်တွေထည့်သင့်တာထည့်ထုတ်သင့်တာထုတ်နှင့်အလုပ်များနေကာ လွယ်အိပ်ကောက်လွယ်ပြီးအနောက်လှည့်လိုက်တော့...

"မမသတင်း"

သူများလားလို့ထင်လိုက်ပေမယ့် သူမဟုတ်ခဲ့ပေ။

"မခင်လေး"

"အစ်ကိုလေးကအလုပ်သွားနှင့်ပြီတဲ့ ကျောင်းကိုအေးချမ်းလိုက်ပို့မှာမို့လို့..."

"နေပါစေ ဖေကြီးလာကြိုဖို့ပြောလိုက်မယ် အေးချမ်းလည်းအလုပ်ရှိသေးတာမဟုတ်ဘူးလား သတင်းကြောင့်အလုပ်ပိုလိမ့်မယ်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now