Season 2: Part 52

3.6K 95 11
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2,[Episode - 52]

"ဟီး..အဟင့်..အဟင့်"

"မငိုပါနဲ့ကွာ"

"ဟီး..မီးမီးလေးနောက်ဆိုဘယ်သူခေါ်ခေါ်မလိုက်တော့ပါဘူး..ဟင့် ဟင့်"

"ဟောဗျာ..မငိုရဘူးလေသမီးရဲ့"

"မာမီ့ဆီကိုလာ"

သတင်းကသမီးကိုယ်လေးကိုသူ့လက်ထဲကနေမနိုင်မနင်းပွေ့ခေါ်သည်။ ကလေးကလည်းမအေချီမယ်ပြင်တာနှင့်လက်ကလေးနှစ်ဖက်ကမ်းပြီး သူမရင်ခွင်ထဲအတင်းတိုးဝင်၏။

"မီးမီးလေးကိုစိတ်မဆိုးတော့ဘူးနော် ဟုတ်လား မာမီ"

မအေစိတ်ဆိုးမှာကိုပဲတွေးပူနေရှာတဲ့ကလေးငယ်ဟာ အသက်ဘေးကနေသီသီကလေးလွတ်ခဲ့လို့ဝမ်းသာလုံးဆို့သွားတဲ့သတင်းငိုနေတာကိုမျက်နှာငယ်‌ေလးနှင့်‌ေမာ့ပြီးချော့ရှာသည်။

"မာမီကသမီးလေးကိုစိတ်မဆိုးပါဘူး စိတ်ပူလွန်းလို့ပါ"

"မငိုနဲ့တော့နော်မာမီ ဟင့်"

"အင်းပါ မာမီမငိုတော့ပါဘူး မိုချီလည်းတိတ်တော့နော်"

သတင်းကမိုချီ့ပါးမို့နီနီအစ်အစ်ကလေး‌ေပါ်မှမျက်ရည်စီးကြောင်းတို့အား လက်မကလေးနှင့်ခပ်ဖွဖွသုတ်ပေးသည်။ မိုချီကလည်းမအေလုပ်သူရဲ့မေးစေ့ကိုမွှေးလိုက်ပြီး...

"မီးမီးလေးမငိုတော့ဘူး"

"အင်း"

သူမတို့သားအမိနှစ်ယောက်ကိုချစ်မြတ်နိုးစွာကြည့်နေမိရင်း ဖြေရှင်းစရာတွေကျန်သေးတာမို့။

"ခဏနေခဲ့ကြဦး"

အပေးအယူတည့်နေကြတဲ့သားအမိနှစ်ယောက်ကိုခဏထားခဲ့ကာ ခွန်ကယ်နှင့်အတူမဟေသီတို့ကိစ္စအားဖြေရှင်းဖို့သူထွက်လာလိုက်သည်။

ခွယ်ကယ်ကထိုနှစ်ယောက်အား မေ့မြောနေသည့်အနေအထားအတိုင်းလက်ပြန်ကြိုးတုတ်ထား၏။

"သူတို့မနိုးခင်ရဲတွေရောက်လာမှလေ မဟုတ်ရင်သောင်းကျန်းကြမှာ safe ဖြစ်အောင်ဒီလိုလုပ်ထားလိုက်တာ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now