Part 21: You make me going fatty

2.8K 64 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 21]

အောက်သိုးသိုးအနံ့ကြီးနှင့် ဓါတ်မြေဩဇာထုတ်တွေစုပုံထားသည့်ထောင့်မှာ ခြတောင်ပို့လိုလိုအရာကြီးကလည်းရှိနေသေးသည်။ စိတ်ထဲသိပ်မသန့်ပေမယ့် စုံစမ်းရသလောက်ကလောမြို့မှာဒီလိုနေရာမျိုးကသာသူတို့စီမံကိန်းအတွက်အဆင်ပြေ‌လိမ့်မည်။

"နှာခေါင်ကြီးရှူံ့မထားစမ်းပါနဲ့ကွာ တစ်ညလုံးနေရမယ့်ငါ့ကိုလည်းအားနာပါဦး"

နေရာထိုင်ခင်းကိုလှည့်ပတ်ကြည့်ရှူနေသည့်ရဲသွေးကို အနောက်ကတကောက်ကောက်လိုက်နေသည့်ဇော်ညိုတစ်ယောက်ဝေဖန်လေကန်နေခြင်းဖြစ်သည်။

"ဒီဂိုထောင်ကနယ်နယ်ရရတော့မဟုတ်ဘူးကွ အရင်တုန်းကဒီနယ်တကြောမှာရှိသမျှပွဲရုံပိုင်ရှင်‌စဝ်တည်မြတ်ရဲ့ဂိုထောင်ဟောင်းလေ"

"ဪ စော်ဘွားမျိုးပေါ့"

"အေး ဟုတ်မှာပေါ့ ဒါကြောင့်လည်းဘယ်နေရာလက်ညှိုးထိုးထိုးသူတို့နေရာတွေဖြစ်နေတာကိုး"

"အာ့တာထားပါတော့...ကောင်မ‌ေလးကိုဒီနေရာခေါ်လာပြီးတာနဲ့ ဒေါ်မြတ်ထွဋ်ခေါင်ဆီကနေသေတမ်းစာသဘောတူညီချက်တောင်းပြီးတာနဲ့ ကျွန်တော်မမကိုပြောလိုက်မယ်"

"ပိုက်ဆံက‌ရော"

"ကျွန်တော့အစီအစဉ်အတိုင်းသာလိုက်လုပ်ပါ အားလုံးအဆင်ပြေရင် ပိုက်ဆံဆိုတာဘယ်တွင်းကနှိုက်နှိုက်"

ပြောတာတော့လွယ်သည်။ သူ့အစ်မမဟေသီထံကပိုက်ဆံတောင်းခါနီး ကျောက်တုံးရေညှစ်နေရမှာမြင်ယောင်သေး၏။ ဘာဖြစ်ဖြစ်ဇော်ညိုဆိုတဲ့သူ့အတွက်တော့ ဒီကိစ္စအောင်မြင်သည်ဖြစ်စေ ကျရှူံးသည်ဖြစ်စေ ရဲသွေးတို့မောင်နှမနှစ်ယောက်လုံးစီကရပေါက်ရလမ်းရှိပြီးသား။ အဓိကက သူအချိုတည်းနေကျ သူတို့အခေါ် ruby (WY tablet) လေးသူ့ထံလက်ကျန်ပြတ်မသွားဖို့ပဲလေ။

"ဟုတ်ပြီ ဟုတ်ပြီ ဒီပြဇာတ်မင်းပဲရေးမင်းပဲကတော့ကွာ ငါကနောက်ကဝေလေလေအော်ရုံပဲ"

ကိုဇော်ညိုနဲ့တော့ညှိရနှိုင်းရတာအဆင်ပြေတာထက်ပိုနေပြီ။ ထိုမိန်းက‌ေလး ကလောရောက်နေပါတယ်လို့သူတို့သတင်းရထားပြီးသားပေမယ့် အရိပ်အယောင်တောင်မတွေ့ရသေး။ ဘာပဲဖြစ်ဖြစ် ပုန်းသောသူဟာအချိန်တန်ရင်ပေါ်လာမှာကို စိတ်ရှည်ရှည်ထားပြီးစောင့်လိုက်ယုံသာ။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now