Part 40: The promise

4.5K 67 6
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Final Episode - 40]

ဆင်စွယ်ရောင်စတိုင်လ်ပန့်ကိုရှားရင့်ရောင်စတစ်ကော်လာရှပ်နှင့်တွဲဝတ်ထားသည့်ကင်းပုံရိပ်ကထင်းပြီးသန့်နေသည်။ သတင်းတို့အဆောင်ရှေ့မှာတင်ကားရပ်ပြီးဆင်းလိုက်တော့ ဖြတ်သွားဖြတ်လာကျောင်းသူလေးတွေကသူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ အင်္ကျီလက်ဖျားတို့ကိုတံတောင်ဆစ်အထိခေါက်တင်လိုက်ပြီး သူဖုန်းထုတ်ဆက်လိုက်တော့..

"Hello"

တစ်ဖက်မှ Hello ထူးသံကမြတ်ပန်းသတင်းအသံမဟုတ်။

"မြတ်ပန်းသတင်းမရှိဘူးလား"

"..........."

"ဪ..ကျွန်တော်ရောက်နေတဲ့အကြောင်းပြောပေးပါ"

သူမကဘာတွေမအားမလပ်ဖြစ်နေတာလဲ။ ဆယ်မိနစ်ကျော်လောက်ကြာမှ သူ့ထံဖုန်းပြန်ဆက်လာသည်။

"Hello"

".........."

"အင်း..ကားထဲမှာစောင့်နေမယ်"

နောက်ထပ်ဆယ်မိနစ်လောက်မှသတင်းထွက်လာသည်။ အဝါဖျော့မှာအစိမ်းရောင်အပွင့်နုတ်ကလေးတွေနှင့် ရင်စည်း floral ဂါဝန်ဝဲဝဲလေးဝတ်ထားသည့်သတင်းက ကလေးလေးနှင့်တူနေသည်။ ကားပေါ်စိတ်လိုက်မာန်ပါဝင်ထိုင်လိုက်တော့ သူမကကိုယ့်ဆံပင်နဲ့ကိုယ်တက်ဖိမိကာ...

"အ!"

"ဆံပင်တွေဖိမိကုန်ပြီကွာ..."

မနေနိုင်တဲ့သူကဆံပင်တွေညိပြတ်သွားမှာ သတင်းထက်ပိုစိုးသည့်အလား တယုတယနှင့်သိမ်းဖယ်ပေးရင်း..

"ဂရုစိုက်မှပေါ့"

"နောက်ဆိုဂရုစိုက်စရာမလိုတော့ဘူး ဦးရှ သတင်းကိုဆံပင်ညှပ်ဆိုင်အရင်ပို့ပေး"

"ဘယ်လို"

"ဆံပင်ညှပ်ဆိုင်ပို့ပေးလို့ပြောတာ"

"အာ့တာမဟုတ်ဘူး နောက်ဆိုဂရုစိုက်စရာမလိုတော့ဘူးဆိုတာကဘာပြောတာလဲ"

"ဪ ဆံပင်ညှပ်မလို့လေ...အရှည်နဲ့နေတာကြာတော့အပြောင်းအလဲလေးဖြစ်အောင်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now