Season 2: Part 44

3.8K 94 10
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 44]

"ငါမလိုက်တော့ဘူးသိမ့်..အဲ့ဒိလူဒီပွဲကိုတက်မှာသေချာနေပြီဆိုတော့ ငါသွားရင်မဆုံချင်တဲ့ရေစက်တွေပြန်ဆုံနေရလိမ့်မယ်"

"နင့်သဘောပါသတင်းရယ်..ဒါပေမယ့် ဒီအထိလိုက်လာပြီးမှမင်္ဂလာပွဲလေးတောင်မတက်ပေးရင်မစီစိတ်မကောင်းမှာပဲစိုးတာ"

အမှန်တကယ်ဆိုဦးစူးရှလေးနက်တောင်ကြီးရောက်နေတယ်ဆိုတာ ကိုမိုင်းကရေရေရာရာမသိပဲဖုံးဖိထားရာကဒီအခြေအနေအထိရောက်သွားတာပါ။ သိမ့်လည်းလာရင်းခရီးမှာမှဒီအကြောင်းသိရတာဆိုတော့ သတင်းကိုရောက်လက်စနှင့်မထူးတော့ပါဘူးဆိုသည့်စိတ်ကြောင့်ကြိုမပြောပြမိခဲ့ပေ။ တည်းခိုဖို့အိမ်ကိုမသိချင်ယောင်ဆောင်ပြီးခေါ်သွားခဲ့သည့် ကိုနေနိုင်ကိုယ်တိုင်ကသူငယ်ချင်းဖြစ်သူခေတ်သမိုင်းကိုတောင်မပွင့်လင်းခဲ့တာဆိုတော့...

"ဒီလိုလုပ်ကြမလား"

သူမအကြံတစ်ခုရသွားတာသတင်းအတွက်လည်းအဆင်ပြေသလို မစီကိုလည်းတက်ရောက်ဂုဏ်ပြုပေးဖို့ရာပျက်ကွက်စရာမလိုတော့ပေ။ ထိုအရာကတော့...

[မင်္ဂလာပွဲနေ့]

သတင်းတို့ရောက်သွားတာအချိန်ကိုက်ပါပဲ။ ပွဲထဲမှာလည်းဧည့်သည်တော်တစ်ယောက်မှမရှိကြသေးသလို သတို့သမီးစောင့်ဆိုင်းရာနေရာမှလည်းမိတ်ကပ်ပြင်ဆရာမရယ်၊ မစီရယ်နှင့် မစီ၏ညီမလေးတစ်ယောက်သာရှိသည်။

"Wow..တို့မမကတကယ်လှတာပဲ"

"ဟယ်..သတင်း..သတင်းမို့လား"

သတို့သမီးဂါဝန်ဖြူလေးသာလဲထားပြီးမျက်နှာနဲ့ဆံပင်ဘာမှမပြင်ဆင်ရသေးသည့်မစီကသတင်းကိုမြင်တာနှင့်တန်းမှတ်မိပြီးဝမ်းသာလှိုက်လှဲစွာကြိုသည်။

"သတင်းဟုတ်ပါတယ်မစီရဲ့"

"ဒီကောင်မလေး..အခုမှပေါ်လာတော့တယ်..ခြေရာဖျောက်ကောင်းလိုက်တာမယ်သတင်းရယ်"

မမဒေစီကအရင်လိုပွစိပွစိရေရွတ်တတ်တုန်းပါပဲလား။

"ဒီလိုပဲနေဖြစ်သွားတာ..မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ်နော်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)On viuen les histories. Descobreix ara