Part 2: I'm totally crush on you

7K 120 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

"သူ့နံမည်ကရော"

"ဪ ကဲ မသိပါဘူးဆို"

သတင်းက စိတ်ပျက်လက်ပျက်နှင့်ကိုဖြေသည်။အခန်းထဲရောက်လို့မှ ခြေလက်‌ဆေးပြီးစရှိသေးသည် ထိုက်ထိုက်မေးလိုက်သမျှက ထိုပုဂ္ဂိုလ်အကြောင်းတို့သာတန်းစီလျက်... အဆောင်ပြန်လာတဲ့တစ်လမ်းလုံး ဒါမေးချင်လို့ဘယ်လောက်မြိုသိပ်ထားရသလဲ သိသာပါသည်။

"ဟုတ်ပါ့ဟယ် မိထိုက် နင်ကိုစပ်စုလွန်းတယ်"

"အံမာ ငါမေးနေတုန်းသိချင်စိတ်နဲ့ငြိမ်ပြီး အုံ့ပုန်းစပ်စုနေ‌တာဘယ်သူလဲ"

"သိချင်စိတ်များပြီး ကရားရေလွှတ်နေတာဘယ်သူလဲ"

"ငါ့ကို စာကြည့်တိုက်ထဲသော့ပိတ်သွားတာရော ဘယ်သူလဲ"

"အယ်"

"အဟီး"

နှစ်ယောက်လုံးဆိုတာသိလိုက်ပါပြီ။ မြတ်ပန်းသတင်း ၊ သိမ့်စုစီ ၊ ရွှေထိုက် သူမတို့သုံးယောက်သည် တက္ကသိုလ်ပထမနှစ်မှစခင်ခဲ့တာဖြစ်‌ေသာ်လည်း နှစ်နှစ်ဆက်တိုက်အ‌ေဆာင်အိပ်ခန်းတူမို့ရင်းနှှီးလက်စသည် တစ်ယောက်တလှည့်စီ ချွန်ကြရင်းစနောက်ကြရင်းသာလက်တွဲညီနေခဲ့တာခုထိ။ ပြောမနာဆိုမနာ သူငယ်ချင်းရင်းတွေမို့ စရင်းနှီးကာစထက် စနောက်တာချွန်တာတွေမှာဝါရင့်လာကြကာ နည်းမျိုးစုံနှင့်ချွန်တတ်ခဲ့သမျှ... ကျောင်းပြန်ဖွင့်ကာစ 2nd semester first week မှာတင် သတင်းကဦးဆုံးမဲပေါက်ခဲ့ရသူဖြစ်သွားသည်။

"တကယ်တော့လေ အဆောင် Roll call မတိုင်ခင်လာခေါ်မလို့ပါ ဒီကောင်လေ ထိုက်ထိုက်ပေါ့ သူ့ကိုကြီးလာခေါ်လို့အစားငမ်းပြီး.."

"သိမ့်နော် နင်ရောငတ်ကြီးမကျလို့လား မုန့်မျှော်သလိုလို လူမျှော်သလိုလိုနဲ့သူ.."

"မုန့်‌ေလာက်က နင့်ကိုကြီးဝယ်ကျွေးမှစားရမှာလား လူရောမုန့်ရောမမက်ဘူး"

"ပြောတာပဲ ဒီကဥစ္စာပေါရုပ်ချောကိုကြီးတစ်ယောက်လုံးကိုထိုးပေးထားတာ.."

"တော်တန်တိတ်!"

"အံမာ..."

သတင်းအော်ပစ်လိုက်မှ နှစ်ယောက်သားတစ်သံတည်းထွက်လာကြတော့ အံမာကြီးကိုသံရှည်ဆွဲလို့..။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now