Part 3: I'm the queen

5.4K 94 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

ဆိုင်ချင်တိုင်းဆိုင်လို့ရမယ်ထင်ရအောင် ဒီပစ္စည်းအရင်းအမြစ်ကဘယ်ကလာလဲ သင်းလိုကောင်ကသိမှာလား.,,။ ဆုံးရှုံးလိုက်ရတဲ့ သိန်းပေါင်းမြောက်မြားစွာကို နှ‌ေမြာတဿ‌ဖြစ်ခြင်းနှင့်အတူ "ကင်း" ဆိုတဲ့အကောင်ကို အမှုန့်ကြိတ်ပစ်ချင်စိတ်တို့က ဆူပွက်လာသည်။

"တောက်"

မလောက်လေးမလောက်စားလေးက တစ်ပတ်ရိုက်ခံလိုက်ရတာ သူ့ဘဝမှာ ဒါပထမဆုံး၊ တစ်သက်လုံးသူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ခဲ့သမျှ သင်းနဲ့မှကတုံးပေါ်ထိပ်ကွက်ခံလိုက်ရသည်။ ‌ အမှောင်ရောအလင်းရော ကြားခံနယ်မှာပါ တပည့်တပန်းများသလောက် လက်တံရှည်သည့်သူ၊ "သုံးလောကထွဋ်ခေါင်" ဆိုပြီးအမည်တွင်ရတဲ့အထိ နံမည်တစ်လုံးနဲ့နေလာခဲ့သောသူလိုလူကိုမှ..တွေးမိလေကြိတ်မနိုင်ခဲမရဖြစ်လေ..

"တောက်"

"ကဲပါ ကိုကိုရယ် ဘာတွေရင်ခံလာတာလဲ တောက်ခေါက်နေတာ ဒါပါနဲ့ဆိုနှစ်ခေါက်ရှိပြီ သီ့ဆီလာတုန်းလေး ကြည်ကြည်လင်လင်နေမှပေါ့"

"ရင်တွေပူလာတာ မင်းဆီမှာနားပူလာခံတာမဟုတ်ဘူး စကားပြောရင်အခြေနေနဲ့အချိန်အခါကြည့်ပြောသီ.."

"ဪ ကိုကိုရယ် သီကကိုကို့စိတ်ပြေလိုပြေကြောင်းပြောရတာပေါ့"

"အဟွန်း"

မဲ့လိုက်တာလား၊ ပြုံးလိုက်တာလားမသိသာသော ဦးထွဋ်ခေါင်မျက်နှာကိုအကဲခတ်၍ မဟေသီပြောစရာစကားတွေသီကုံးနေရသည်။ အချိန်အခါကြည့်ရအောင်ထိ အခြေအနေမပေးတော့သောကြောင့်...

"ကဲပါကိုကိုရယ် ရော့ အပူကိုအပူနဲ့ပဲငြှိမ်းရတယ် ဒါလေးတစ်ငုံလောက်မျှောချလိုက် ပြီးရင် သီပြောတာနားထောင်.."

ရေခဲတုံးလေးတွေလှုပ်လီလှုပ်လဲ့ပေါလောပေါ်နေသော တစ်ဝက်မရှိတစ်ရှိ အရက်တစ်ဖန်ခွက် လက်ထဲရောက်လာသည်။ ကားမောင်းရဦးမှာသိပေမယ့် အပူကိုအပူနဲ့ငြိမ်းရမည်ဆိုသော သီ့စကားကိုလက်ခံမိကာ မော့ချပစ်လိုက်၏။

ထို့နောက်...ဘာပြောချင်တာလဲပြောဆိုသည့် အကြည့်နှင့်အတူမေးဆက်ပြလိုက်တော့မှ..

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now