Part 7: A stranger

3.3K 60 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

error တွေဆိုတာ computer monitor တစ်ခုလုံးလည်းနီရဲနေပါပြီ။ ဒီအတိုင်းဆို ထိုက်ထိုက်ပြောဖူးသလို traffic light မီးနီပြတာကမှ သတင်းထက်အကြိမ်ရေလျော့ဦးမည်။

"ဟူး"

သက်ပြင်းတွေလည်းဘယ်နှစ်ခါချမိမှန်းမသိတော့ပါ။ Keen.Tech မ‌ှာ intern လာဆင်းတာ တစ်လတင်းတင်းပြည့်‌ခဲ့ပြီ သူ့မျက်နှာတစ်ခါမှမြင်ခွင့်မရခဲ့.. company ကိုအလုပ်‌ေရာလာတက်ရဲ့လားတောင်တွေးမိသေးသည်။

"အင်းပေါ့လေ သူကဘောစ့်ပဲကို"

"မယ်သတင်းနော် မပြောချင်ဘူးစိတ်တွေဘယ်သူ့ဆီရောက် ရုံးဆင်းချိန်အမှီမပြီးရင် ရှင်ကျန်နေခဲ့ရမှာ"

"ချန်ခဲ့ရက်တယ်ပေါ့လေ ဒီမှာ error တွေများလို့ပါဆို ကူစစ်ပေးမယ်မရှိဘူး"

"ကျွန်မစားပွဲပေါ်လဲတစ်ချက်လောက်ငဲ့ကြည့်"

သိမ့်ကသူမအလုပ်စားပွဲပေါ်မှာစုပုံနေသော file အထပ်လိုက်ကိုမေးငေါ့ပြသည်။ သတင်းကိုမကူအားသေးဘူးဆိုတဲ့သဘောနှင့် ပုခုံးလည်းတွန့်ပြ၏..ပြီးတော့

"ဟင်း..ဒီလိုအချိန်မိထိုက်တစ်ယောက်အိမ်မှာဇိမ်ယူပြီးနှက်နေမှာ ညကျရင် V call ခေါ်ကြမယ်လေ"

"ခေါ်တာပေါ့"

နွေရာသီကျောင်းပိတ်ရက် အလုပ်သင်ဆင်းတော့ သတင်းနှင့်သိမ့်သာအထမြောက်သွားပြီး ထိုက်ထိုက်တစ်ယောက်ကတော့ အိမ်မှာအဝနှပ်ချင်တယ်ဟုအကြောင်းပြပြန်သွားသည်။ သတင်းတို့ကတော့ ကျောင်းနှင့်ချိတ်ဆက်ပေးသော company မို့ အလုပ်သင်ကာလတစ်လျှောက်လံုးကျောင်းဆောင်မှာနေခွင့်ရကာ ကျောင်းကနေအလုပ်ပဲဖြစ်‌ေန‌ေတာ့ အိမ်ပြန်ရက်ကိုထည့်မစဉ်းစားနိုင်သေးကြပေ။ သုံးယောက်လုံး ရပ်ဝေးကျောင်းသူများမို့ အိမ်ဝေးလေးတွေဖြစ်ကြ၏။

"သင်္ကြန်ပိတ်ရက်ကျရင် သိမ့်ကိုအိမ်ကလာခေါ်မယ်ပြောတယ်"

"ဟင် ငါတစ်ယောက်ပဲကျန်ခဲ့မှာပေါ့"

"မန္တလေးပြန်လေ မန္တလေးသင်္ကြန်ဒီလောက်‌ေပျာ်စရာကောင်းတာ"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now