Part 27: The inferno

3.2K 70 0
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 27]

    သတင်းကပဲလူမမာပြုစုတာမတော်တာလား ဖျားတဲ့သူကပဲခေါင်းမာလွန်းနေတာလားမသိ။ မမလေပြေ‌တို့ကိုဖုန်းဆက်ခေါ်မယ်လုပ်တော့လက်မခံ။ မှန်တစ်ခုလုံးရစရာမရှိတော့တဲ့ဖုန်းလေးအစားဦးစူးရှကဖုန်းအသစ်ဝယ်ပေးမယ်ပြောပေမယ့် သူနေမကောင်းသေးတော့သတင်းလည်းဖုန်းကိစ္စမပူဆာချင်သေးပါ။

"သတင်း ကိုတာယာနဲ့မမလေပြေကိုခေါ်လိုက်တော့မယ်ဦးစူးရှကဖုန်းလည်း‌ပေးမကိုင်ဘူး သတင်းဖျားတုန်းကကျတော့ဆရာဝန်ချက်ချင်းခေါ်ပြီး ဘာလို့သူ့ကျမှခေါင်းမာနေမှန်းကိုမသိဘူး တကယ်ပါပဲ..."

သတင်းပွစိပွစိပြောနေတာလေးကိုသူအသဲယားစွာစိုက်ကြည့်နေမိသည်။ မနေ့ညကမိုးသည်းကြီးထဲအကြာကြီးနေခဲ့တာကြောင့် တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေသည့်ကိုယ်ဟာဖျားနေတာညကတည်းက။ ဒါပေမယ့် ဒီအဖျားကိုကျတော့ပျောက်သွားမှာစိုးနေမိ၏။ သတင်းကနေ့နေ့ညညဘေးမှာလာပြုစုပေးနေတော့ ကြိတ်ပြီးသာယာမိနေသလားမပြောတတ် ‌ဆရာဝန်ပြပြီးချက်ချင်းကုလိုက်ရင်ချက်ချင်းကောင်းသွားမယ့်ကိစ္စကိုသူနှမြော‌ေနမိတာပါ။

"ဦးစူးရှ..ကြားရဲ့လားလို့"

"ကိုယ်သိတယ် ဒီညမှမသက်သာရင်ဆေးခန်းသွားမလို့စဉ်းစားထားပြီးသား"

"ဟွန်း‌ ပြောတာပဲ ပြီးရင်နေ့ရွေ့ညရွေ့"

ကြည့်ပါဦး။ ဒီကောင်မလေးကအိမ်ထောင်ရှင်မတစ်ပိုင်းလေးကိုဖြစ်နေပြီ။ ပွစိပွစိလည်းပြောတတ်လာသလို သူ့ကိုဂျိုကြည့်တွေပါကြည့်လာပြီဖြစ်သည်။ အသဲယားယားနှင့်ထိုပါးလေးကိုလက်ဖုဝါးနှစ်ခုကြားဆွဲညှစ်ပြီးသူ့ဘက်လှည့်လိုက်တော့ နှုတ်ခမ်းဖူးလေးကစုထော်ထွက်လာတာကြောင့်...

"အွန့်"

ရုတ်တရက်ရွတ်ခနဲနမ်းပြီးလူကိုပြုံးကြည့်နေတာသူမဟုတ်သလို။

"ဟာ ဦးစူးရှနော်"

"နားညီးလို့ကွာ"

"လူကိုနမ်းပြီး ရှင်ကြီးနော်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Donde viven las historias. Descúbrelo ahora