Season 2: Part 43

3.1K 93 4
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2 [Episode - 43]

အချိန်အခါမဟုတ်ရွာတဲ့မိုးကိုဘယ်သူမှအလိုမရှိကြပါ။ ကားမောင်းနေရင်း လက်က omega watch ကိုငုံ့ကြည့်တော့ညနေငါးနာရီ။ သူဖုန်းထုတ်ဆက်လိုက်တော့ဖြူပြာကချက်ချင်းကိုင်၏။

"Hello"

"............"

"နာရီဝက်လောက်နောက်ကျမယ်ဖြူပြာ..အားလုံးစားနှင့်ကြပါစေ.."

"............"

"စောင့်မယ်ဆိုရင်တော့သဘောပေါ့"

မန္တလေးကို‌ေနနိုင့်အတွက်မင်္ဂလာလက်ဖွဲ့ဝယ်ဖို့ညချင်းဆင်းသွားပြီးမှ သောကြာနေ့မိတ်ဆုံစားပွဲအမှီသူပြန်လာနေတာကိုဒီမိုးကြောင့်နှောင့်နှေးနေခဲ့၏။

"ကျစ်"

ဒီကြားထဲအတက်လမ်းမှာ check point မိနေလို့ကားတန်းရှည်ကြီးကမိုးသည်းထဲ junk ဖြစ်နေသေးသည်။

"ဟင်"

သူမှတ်မိနေတဲ့သတင်းကတင်ပါးအောက်ဆံနွယ်ရှည်ကြီးတွေနဲ့ပါ။ ဖြတ်ခနဲမြင်လိုက်ရတဲ့ မျက်နှာလေးမှာဆံပင်ဘာရောင်မှန်းသေချာမမြင်ရပေမယ့်ပုခုံးကျော်ရုံဆံနွယ်အခွေလေးတွေနှင့်ဖြစ်သည်။ သူပဲအမြင်မှားတာလား။

ကားကရပ်ထားပြီးအထုတ်အပိုးတွေအစစ်ခံနေရတာနှင့်တူပါသည်။ ကျော်တက်လာပြီးမှ မိုးစက်တို့စီးကျနေသည့်ဘက်ခ်မှန်ထဲကပြန်ကြည့်‌လိုက်တော့ နောက်ကျောရေးရေးကိုသာမြင်ရ၏။ သူမများလားဆိုပြီးရှာဖွေမိနေတဲ့မျက်လုံးတို့ကိုဥပေက္ခာပြုလိုက်ကာ မောင်းနေသည့်ကားကိုအရှိန်တင်ပစ်လိုက်တော့သည်။

သတင်းကတော့မိုးရေထဲမှာအိမ်မောကျနေသည့်သမီးကိုယ်ကိုလည်းချီထားရသေးကာ check point မိနေတာကြောင့်ထွက်မရသေးသည့်သူမတို့ကားကိုပဲသဲကြီးမဲကြီးစစ်ဆေးရေးလုပ်နေတာကိုသည်းခံစောင့်ဆိုင်းနေရသည်။

"သတင်းတို့..အကိုနဲ့ကားကိုထားခဲ့လိုက်တော့..နေနိုင်ကလူလွှတ်ပြီးလာကြိုပေးမယ်တဲ့..မိုချီလေးအအေးမိသွားလိမ့်မယ်"

"ကြာဦးမှာလားဟင်ကိုမိုင်း"

"သိပ်တော့မကြာလောက်ပါဘူး..ဒါပေမယ့်..လမ်းကြောင်းရှိလို့ကားတန်းပိတ်နေတာတော်တော်နဲ့ထွက်ရမယ်မထင်ဘူး"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now