Season 2 : Part 58

4K 119 13
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 58]

သမီးအိပ်နေတဲ့ဆီသတင်းပြေးလာတော့ သမီးလေးကမွေ့ယာထက်တွင်ခြေပစ်လက်ပစ်အိပ်မောကျနေ၏။  အခန်းတံခါးဘက်ကိုလူရိပ်လှမ်းကြည့်တော့ ယုံယုံကြီးလည်းရှိမနေ။ဦးရှလည်းအနားမှာမရှိတုန်း သမီးကိုသတင်းတိတ်တိတ်လေးပွေ့သွားရင်ဘယ်သူမှသိမှာမဟုတ်လောက်ပါဘူး။သမီးလေးကိုလွမ်းနေရတာကြာလို့ တစ်ဝကြီးဖက်အိပ်ချင်တာကြောင့်...

"မီးမီးလေးက မာမီနဲ့အိပ်မယ်မဟုတ်လား"

လေသံလေးနှင့်ပြောလိုက်ကာ သမီးကိုယ်လေးကိုမွေ့ယာထက်ကအသာအယာမဖို့လုပ်သည်။

"အင်း"

သမီးကလွန့်လူးလျက် အင်းအွန်းသံလေးထွက်လာတော့ နိုးသွားမှာလည်းစိုးတာကြောင့်လှုပ်ရှားရတာသိပ်မလွတ်လပ်။

"သစ် သစ် သစ်"

"ကလေးခိုးဖို့ကြံနေတာဆိုရင်လည်း ခြေသံအရင်နားထောင်ရတယ်"

"ဟင်"

ဦးစူးရှအသံမှန်းလှည့်မကြည့်လည်းသိလိုက်၏။သူဒီလောက်ခြေသံလုံတာကျတော့ ထည့်မပြောပဲနှင့်။ သတင်းမျက်နှာလေးဒီဘက်မှာ စူပွနေတာကိုကင်းကမသိပဲ...

"သမီးကကိုယ်နဲ့ပဲနေမယ်လို့ပြောထားတာမဟုတ်ဘူးလား"

သူ့အမေးကြောင့်သမီးကိုကုန်းကုန်းကွကွနှင့်ပဲအသာပြန်ချလိုက်ရကာ...

"ရှင်ပဲဒီညကချွင်းချက်ဆို သမီးနေမကောင်းဖြစ်နေတာတောင်မအေဖြစ်တဲ့သတင်းကအတူတူရှိလို့မရဘူးလား"

"ရပါတယ်"

ကင်းကတည်တည်ငြိမ်ငြိမ်နှင့်ပြန်ဖြေ၏။

"ပြီးတာပဲလေ သမီးကိုခေါ်သွားလိုက်မယ်"

သတင်းကပြောလိုက်ပြီး သမီးကိုချက်ချင်းကောက်ပွေ့ဖို့လက်ကလေးပြင်သည်။ ကင်းကသူမလက်ကောက်ဝတ်ကလေးကိုဖြတ်ခနဲဖမ်းကိုင်လိုက်ပြီး...

"အတူတူရှိလို့ရတယ်ပဲပြောတာ ခေါ်သွားလို့ရတယ်မပြောဘူး"

"သတင်းကမခေါ်သွားပဲနဲ့ဘယ်လိုလုပ်ပြီး..."

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now