Season 2: Part 66

4.2K 128 8
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season. 2,[Episode - 66]

"နှစ်လတောင်‌ေကျာ်‌ေနပြီ"

"အင်းဆို"

"ဟုတ်ရောဟုတ်ရဲ့လား..မယုံဘူးပြ,ခုပြ"

သိမ့်က V call ထဲမှာသတင်း၏ချပ်ကပ်နေသောဗိုက်ကလေးကိုပြခိုင်းလို့ဘေးတစောင်းပြရသည်။ ဒါတောင်မယုံချင်သည့် မျက်ဝန်းလေးတွေနှင့်ဖြစ်၏။ သတင်းကလောမှာလာနေတာအခုမှတစ်လကျော်ရုံလေးရှိသေးတော့ ယုံချင်စရာလည်းမကောင်းပါ။

"အာ့ဆို နင်တို့ကအရင်အတိုင်းပြန်ဖြစ်သွားကြပြီပေါ့"

"ဟီး အဲ့လိုပဲပြောရမှာပေါ့"

"တီမြတ်ကရော"

"တီမြတ်ကငါ့ကိုပျော်တဲ့နေရာမှာနေတဲ့"

"နင်ပျော်တဲ့နေရာကကလောပေါ့"

"မဟုတ်ဘူး ဦးရှရင်ခွင်မှာ"

"မိန်းမ မပြောချင်‌‌ေတာ့ဘူးနော်"

ဟွန့်...မယ်သတင်းတို့မိုးမမြင်လေမမြင်ပျော်နေလိုက်တာ။ အပူအပင်ကင်းသည့်မျက်နှာလေးကြောင့်  ဦးစူးရှလေးနက်ကဘယ်လောက်တောင်စိတ်ချမ်းသာအောင်‌ထားလည်းဆိုတာသိသာ၏။။ သိမ့်နှာခေါင်းလေးရှူံ့မိရင်း သတင်းကိုမျှော်လင့်ခဲ့ဖူးသော အခုထိလည်းမျှော်လင့်ဆဲဖြစ်နိုင်သော ‌ခေတ်သမိုင်းကိုပါမဆီမဆိုင်တွေးမိသွားသည်။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းဖြစ်သူကပျော်နေရပြီဆိုတော့ ဝမ်းမသာစရာဘာရှိသလဲ။

"သားလေးမွေးရင်ကိုယ့်နံမည်ပေးပါဆိုပြီး ကိုခေတ်သမိုင်းတစ်ယောက်ရောက်ချလာနေဦးမယ်"

"သိမ့်မ အစုတ်ပလုတ်...ဟိုကသူ့ဘာသာသူနေတာကိုစပြန်ပြီ"

သားလိုချင်လို့ရူးနေတဲ့ဦးရှက သားဆုတွေပန်နေတာတစ်နေ့တနေ့မရိုးရ။ ဒီစကားသာကြားရင် လွယ်မည်မထင်။

"မစတော့ဘူး အတည်မေးမယ် ဦးထွဋ်ကရောနင်တို့ကိုမီးစိမ်းပြပြီလား"

သိမ့်အမေးမှာ သတင်းကစဉ်းစားသလိုမျက်လုံးလေးဟိုဒီရွေ့သွားကာ...

"ပြပြီလည်းပြောလို့ရတယ် မီးနီမီးစိမ်းထက် လောလောဆယ် ဖေကြီးနဲ့ဦးရှက မီးဝါအနေအထားမှာ စစ်အေးတိုက်ပွဲဖြစ်နေကြတယ်"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now