Part 26: The world is beautiful

3.1K 63 0
                                    

[Unicode]
"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 26]

"ဦးစူးရှအပြင်သွားမလို့လား"

"အင်း မင်းဘာမှာဦးမလဲ"

"မမှာတော့ပါဘူး"

မနေ့ကလည်းဒီလိုပဲမနက်စာပြီးတာနဲ့အပြင်တန်းထွက်သည်။ ပြီးရင် ညနေစောင်းမှပြန်လာ၏။ ဘယ်သွားမယ်လို့လည်းမပြောတဲ့သူကို သတင်းကဘာတွေမေးသင့်ပါသလဲ။ ဟိုနေ့ညကတည်းကသတင်းပြောတဲ့စကားတွေကိုဘာတွေကောက်ချက်ချလွဲသွားသလဲမသိ ဦးစူးရှအပြုအမူတွေပြောင်းလဲသွားတာသေချာသည်။ မျက်ခုံးထူတွေစုကုတ်နေတတ်သည့် အစဉ်သဖြင့်တည်တင်းနေတဲ့မျက်နှာကသတင်းအတွက်တော့ခန့်မှန်းရခက်ပါသည်။ ချစ်တယ်ပြောပြီး မေ့လိုက်ဖို့ပြောသည်။ သတင်းကချစ်တဲ့အကြောင်းကိုရောတုံ့ပြန်ခွင့်မပြုတော့ဘူးလား။ ဆရာမဂျူးပြောသလိုဆိုရင် အချစ်သည်ခြုံလွှာကဲ့သို့ပါးလျ သို့ပေတည့်ပိတ်ဆီးတဲ့ မြင်အောင်မပြတတ်တဲ့သူကိုသတင်းဘယ်လိုနားလည်ရမည်မသိတော့ပါ။ သတင်းဦးစူးရှကိုချစ်ပါသည်။ ချစ်ခဲ့တာအခုမှမဟုတ် စတွေ့ကတည်းကချစ်တာ။ ချစ်တယ်ပြောမှာကိုကြားချင်ခဲ့ပေမယ့် တကယ်တမ်းပြောလာတော့လည်း အတွေးစပေါင်းများစွာနဲ့လှည့်ပတ်ဆန်းစစ်နေမိခဲ့၏။ သတင်းကမေးခွန်းထုတ်လာခဲ့ရင်တောင် စိတ်ကျေနပ်အောင်မချော့မော့တတ်ပဲ မေးခွန်းထုတ်တဲ့သူကိုနားလည်မပေးတာချစ်ခွင့်ပန်တဲ့သူတစ်ယောက်ရဲ့အပြုအမူလား။ သတင်းဖတ်ဖူးကြည့်ဖူးသမျှစာအုပ်တွေရုပ်ရှင်တွေမှာတော့ အမျိုးသမီးတစ်ယောက်ချစ်ခွင့်ပန်ခံရပုံကခခယယပါ။ သတင်းအခြေအနေနဲ့များတော့ကွာပါသည်။

'နင့်ကံပဲပေါ့သတင်းရယ်"

သတင်းကသူခေါ်ရာအဝတ်စတစ်စလိုပါလာခဲ့ရတဲ့သူပဲလေ ဘယ်လိုလို့ခယနေပါ့မလဲ။ ယောက်ျားရင့်မာ‌ေတွလက်ထဲ တစ်နေ့လုံးပါသွားခဲ့သည့်အဖြစ်နှင့်သူမကိုဦးစူးရှဒီလိုဆက်ဆံတာမဆန်းပါ။ အင်္ကျီရင်စေ့ကိုဟကြည့်လိုက်တော့ သူမရင်ညွန့်ရိုးပေါ်မှာလက်ဝါးစောင်းရာအညိုမဲ‌ကြီးကအရုပ်ဆိုးစွာ မှန်ထဲမှာပေါ်လာ၏။ ဂိုထောင်ထဲကိုခေါ်ခံရတုန်းကမေ့နေရာကနေနိုးလာလို့ရုန်းရင်းနဲ့  လက်ဝါးစောင်းနဲ့ရိုက်ချခံခဲ့ရတာဖြစ်သည်။ အဲ့တုန်းကသတင်းကသူတို့လက်ထဲကကိုယ့်ဖုန်းကိုအတင်းပြန်လုတာကို အညှာတာမဲ့စွာရိုက်ချပစ်နိုင်ခဲ့တဲ့ဖျံကြီးကြောင့် သူမနောက်တစ်ခါပြန်မေ့လဲသွားခဲ့ရတာပါ။ အဲ့တုန်းကအညိုမဲရာကသိပ်မသိသာပေမယ့် ဒီရက်အတွင်းအရောင်ကလျော့မသွားပဲပိုရင့်နေခဲ့တာကို ဦးစူးရှမြင်သွားမှာမလိုချင်တာကြောင့်ထိုနေရာကိုလုံ‌ေအာင်ဖံုးနိုင်သည့်အင်္ကျီတွေပဲရွေးဝတ်ဖြစ်ခဲ့သည်။ ဒီဒဏ်ရာကိုမြင်တိုင်းလည်း တဏှာဘီလူးစီးနေသည့်လူ၏မျက်နှာကြီးကိုပြန်မြင်ယောင်၏။ ကြားထဲဖြစ်ပျက်ပြောင်းလဲသွားခဲ့တာတွေက သတင်းအတွက်တော့ချိုမြိန်တဲ့အိမ်မက်ဆိုးကြီးဖြစ်နေသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now