Season 2: Part 42

3.3K 88 12
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့" Season2 [Episode 42]

"မမေးလည်းသိပါတယ်သတင်းရယ် mochi လေးကသူ့အဖေမျက်လံုး‌ေတွအမွေရထားတာပါ ပါးချိုင့်ကလေးတစ်ဖက်အပိုမပါရင်နင့်သမီးလို့ပြောရပါ့မလား"

mochi ကိုကိုယ်ဝန်ဆောင်စဉ်ကထိုယောက်ျားကို  မုန်းအားကြီးလွန်းလို့လားမသိ။ သမီးမျက်နှာကလေးက သူ့အဖေနှင့်ချွတ်စွတ်တူ‌ေလသည်။

တခြားကလေးအဖော်တွေနှင့်ပြေးလွှားဆော့နေသည့် သမီးလေးကသတင်းဆင်ပေးထားတဲ့အဝါနုရောင်ဂါဝန်ကားလေးနှင့်ဖြစ်သည်။ ခုနောက်ပိုင်းမြန်မာကလေးငယ်တွေက educated parent တွေလက်ထဲမှာ အာဟာရမျှမျှတတနဲ့ကြီးပြင်းကြလို့ထွားကြသည်။ ဖန်ပေါင်းချောင်ထဲအသက်ရှူပှိုက်နှင့်ကြီးခဲ့ရသည့်သမီးကတော့ထိုကလေးတွေထဲမှာ သေးညှပ်ညှပ်လေးဖြစ်နေရှာ၏။ ကလေးကိုလှမ်းကြည့်ပြီး..သူငယ်ချင်းနှစ်ယောက်စကားလက်ဆုံကျနေကြရင်း...

"ဒါနဲ့..ကလေးကသူ့အဖေကိုမမေးဘူးလား"

"မေးတာပေါ့သိမ့်ရယ်.. Melbourne မှာနေတုန်းကတော့သမီးမမေးရင်ပြီးရောဆိုပြီး သူ့ဒယ်ဒီကမြန်မာပြည်မှာလို့ပြောထားတာ..ဒီလည်းပြန်ရောက်ရော မေးလာရင်ဖြေစရာမရှိမှာစိုးနေရရော"

မိဘတွေရဲ့အိမ်ထောင်ရေးကြောင့်အပစ်မရှိတဲ့ကလေးတစ်ယောက်အဖမဲ့ရတာကိုတော့သနားမိတာအမှန်ပါ။ သတင်းကလည်း သူ့အမှန်တရားနဲ့သူဆိုတော့ သိမ့်လည်းချိုသည်ခါးသည်ပြောရခက်ပါ၏။

"မိထိုက်က မိုချီလေးကိုတွေ့တော့ဘာပြောသလဲ"

"မတည့်ကြဘူးတူဝရီးနှစ်ယောက်က"

"ဟုတ်တယ်"

မတည့်ကြဘူးဆိုတာကို သိမ့်ကတအံ့တဩလေးမေး၏။

"အေးဆို..ထိုက်ထိုက်ကအစသန် သမီးကအာပြဲစိန်လေ..သူကျောင်းပိတ်ရက်ဆိုအိမ်မှာတူဝရီးနှစ်ယောက်ဆူညံနေတာပဲ..ဒါပေမယ့်မတည့်အတူနေတွေ"

ပြန်မရောက်တာကြာသောမြန်မာပြည်ကကြားထဲမှာဖြစ်ပျက်ပြောင်းလဲသွားတာတွေအများကြီး။ သတင်းသူငယ်ချင်းတွေဖြစ်ကြတဲ့ သိမ့်နှင့်ထိုက်ထိုက်မှာ သိမ့်ကကျောင်းပြီးအောင်မတက်ဖြစ်ပဲ မန္တလေးမှာပဲ "Baby Bright"ဆိုသည့်မူကြိုကျောင်းလေးဖွင့်သည်။ ထိုက်ထိုက်ကတော့ မနှစ်ကမှ သတင်းနေသည့် Melbourne မှာ scholar နဲ့ ကျောင်းလာတက်၏။ နောက်သုံးနှစ်နေမှ Bachelor ဘွဲ့ပြီးမှာမို့တော်တော်နဲ့ပြန်လာဖြစ်ဦးမှာမဟုတ်ပေ။ ကိုမိုင်းကတော့ သတင်းမြန်မာပြည်ကထွက်လာကတည်းက ဟိုမှာပဲအမှတ်မထင်ဆုံကြရင်း အပြန်အလှန်ကူညီစောင့်ရှောက်ပေးကြရင်းနှင့်ပဲ သမီးလေးတစ်သက်သူ့ကိုခင်တွယ်နေပြီဖြစ်သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Wo Geschichten leben. Entdecke jetzt