Part 33: I wish I could forget you

2.6K 49 4
                                    

[Unicode]

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode - 33]

ထမင်းစားခန်းကျယ်ကြီးထဲသူမတို့အားလုံးရောက်ကြတော့ ဒေါ်စောယုမြင့်မိုရ်ကသတင်းကိုပြုံးကြိုကာသူမနံဘေးလာထိုင်ခိုင်း၏။ သတင်းခေါင်းငြိမ့်ပြပြီးသွားထိုင်ပြီးတဲ့အထိ ဦးစူးရှကသတင်းကိုမကြည့်ပါ။

"မြေးကထိုင်လေ"

သူ့အဘွားပြောမှအင်တင်တင်နှင့်ဝင်ထိုင်တော့ဦးရာဇမြင့်မိုရ်၏နံဘေးမှာဖြစ်သည်။ သတင်းတို့နေရာကျသွားမှကိုနေနိုင်ကဝင်လာကာ သူ့ဘွားအေပါးကိုသွားနမ်းပြီးဘာတွေပြောသလဲမသိ...

"အေ မေကြီးစိတ်ပူနေမယ် အိမ်စောစောပြန်နော်"

"ဟုတ်ကဲ့ပါဘွားရဲ့"

ကိုနေနိုင်ကခပ်သုတ်သုတ်ပြန်ထွက်သွား၏။

"ဒီကလေးနှယ်ဘွားအေမျက်နှာကြာကြာမကြည့်ဘူးပြန်ပြီ အစောကြီးရောက်ချလာလို့ဘာများမှတ်တယ် လမ်းကြုံဝင်တာတဲ့လေ အဟွန်း"

မဟုတ်တာလုပ်ထားလို့အစ်ကိုဖြစ်သူကိုကြောက်ပြီးပြန်သွားတာကိုတော့သတင်းနှင့်ဦးစူးရှသာသိပါသည်။

"မြေးမလေး"

"ဟုတ်ကဲ့ဘွားဘွား"

သူမပြန်ထူးလိုက်တာကိုဒေါ်စောယုမြင့်မိုရ်ကသဘောကျသွားပုံပေါ်သည်။ ပြုံးနေရက်ကကိုပိုချိုမြသည့်အပြုံးမျိုးပြံုးလိုက်ကာ...

"‌မင်္ဂလာရက်သတ်မှတ်ပြီးသွားရင် မြေးတို့လက်ထပ်ပွဲအတွက်ဘွားပြင်ဆင်ထားတာလေးတွေသိထားပြီးသားမို့လား"

"ဟုတ် ဦးစူးရှပြောပြပါတယ်"

"ဘယ်လိုဦးစူးရှတဲ့ ဟုတ်လား"

ဒေါ်စောယုမြင့်မိုရ်၏မျက်ခုံးနှစ်ဖက်မြင့်တက်သွားသလို သူ့သားဖြစ်သူကိုလည်းတိုင်တည်သလိုပြော၏။

"သားကြီးရေ ‌မင့်သားတော့ဦးအရွယ်ရောက်ပြီထင်ပါတယ် ဒါကြောင့်စောစောစီးစီးအိမ်ထောင်ပြုခိုင်းတာလူကြီးတွေက"

ဦးရာဇမြင့်မိုရ်ကလည်းသူ့အမေစကားကြောင့်ပြုံးတုံ့တုံ့။ ကင်းကတော့မရယ်မပြုံးနှင့်သူ့ရှေ့ကကော်ဖီခွက်ကိုသာငုံ့သောက်နေ၏။ သတင်းကတော့မနေတတ်မထိုင်တတ်ဖြစ်သွားကာ ဖြေရှင်းသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now