Part 20: I hear you

2.8K 57 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
[Episode-20]

ဘယ်တော့မှကြေမှာမဟုတ်ဘူး ဒေါ်မြတ်ထွဋ်ခေါင်ရေ။ ရှင်တော့ခေါင်းကိုမြွေဆယ်ကောင်လောက်ဝိုင်းပေါက်ခံရတော့မှာကျွန်မမြင်ယောင်နေပြီ။

ဝရံတာကိုမှီလျက် သောက်လက်စဝိုင်ခွက်ကိုမော့ချလိုက်ရင်း ကြိတ်ပြုံးနေသည့်မဟေသီ့ခါးကျင်ကျင်လေးကို မြွေတစ်ကောင်နှယ်ရစ်သိုင်းလာသည့်ကျားကြီး၏ လက်မောင်အိုးကြီးကြောင့် သူမအသက်ရှူရကျပ်သ‌ွားကာ....

"အို..."

လည်တိုင်တစ်လျောက်လျောတိုက်နေသည့်လေငွေ့တို့က အာရုံတစ်ခုကိုနှိုးဆွလျက်။ သူမပုခုံးထက်ခေါင်းအပ်နေတဲ့ ကျားကြီး၏ခေါင်းကိုဖွဖွပွတ်သပ်ပေးရင်း...မျက်လုံးထဲမြင်ယောင်နေတာက လွန်ခဲ့သောရက်ပိုင်းကမှမန္တ‌ေလးအဝေးပြေးကားဂိတ်မှာဆုံခဲ့သည့် မြင့်မားသည့်ကိုယ်ဟန်၊ ဂုတ်အနည်းငယ်ထောက်နေသောဆံပက်နက်စွေးတို့နှင့် ပါးသိုင်းမွေးစစမျက်နှာတစ်ခုကိုသာ...ရှင်ဘာလို့အဲ့ဒိလောက်ချောနိုင်ရတာလဲစူးရှရယ်...။

ထိုနေ့က စူးရှကိုသူမဝင်တိုက်မိခဲ့တာ။

"ဘုတ်"

သူ့လက်ထဲချိတ်လာတဲ့ပါ့ဖာဂျက်ကတ်ကသူမဝင်တိုက်လို့ကျသွားတော့...

"အယ် ဆောရီးနော် သီပြန်ကောက်ပေးပါ့မယ်"

သူမတောင်းပန်နေတုန်းရှိသေးသည် သူ့ဂျက်ကတ်သူ့ဘာသာပြန်ကောက်ရင်း ခြေလှမ်းကြဲနှင့်လိုရာဆက်သွားဖို့ပြင်သည့်စူးရှကို သူမပျာပျာသလဲလှမ်းဆွဲမိတာပျောက်ကွယ်သွားမှာစိုးလို့သာ။ခပ်စိမ်းစိမ်းပြန်ကြည့်တဲ့မျက်နက်ဝန်းတွေကတော့ နံမည်နှင့်လိုက်အောင်စူးရှရဲတင်းလျက်..ထိုအကြည့်တစ်ချက်မှာသူမကြောင်ကြည့်ကျန်ရစ်ခဲ့ရတာမဟုတ်လား။သီ့ပုံရိပ်တွေရှင့်မြင်လွှာထဲမိတ္ထူပွားလိုက်နိုင်ပြီစူးရှ။ သူကတော့ Famous express ကားကြီးပေါ်သို့တက်သွားခဲ့လေသည်။

ဦးထွဋ်ခေါင်အမှုကြောင့် ရဲတွေလက်ကလွတ်အောင်နည်းမျိုးစုံနဲ့ရှောင်နေခဲ့ရတဲ့ စူးရှလေးနက်ကသူသာသတိမထားမိတာ သူမကိုယ်တိုင်တမင်တကာရောမတော်တဆပါသူ့အနားတဝဲလည်လည်ရောက်သွားခဲ့တာတွေအခေါက်ပေါင်းမှမနည်းတာ။ အစက ဦးထွဋ်ခေါင်လိုလူရဲ့မျက်ခုံးပေါ်စင်္ကြံလျောက်နိုင်တဲ့အထိတော်တဲ့သူမို့လို့သူ့အကြောင်းတိတ်တခိုးစုံစမ်းခဲ့ရာက သူရုပ်သွင်ပြင်နှင့်ခန့်ညားပြတ်သားတဲ့အပြုအမူအပြောအဆိုတွေပါမျက်မြင်တွေ့ရတော့ ထိုအမျိုးသားပေါ်မှာစိတ်ယိုင်မိခဲ့သည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now