Season 2: Part 51

3.5K 98 17
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 51]

"သမီး"

သူမနှုတ်ဖျားကနေသမီးကိုယောင်ယမ်းခေါ်လိုက်မိပြီး ထိုအသံနှင့်ပင်မြင်လွှာတို့ပွင့်လာကြသည်။ မျက်တောင်တစ်ချက်နှစ်ချက်ခပ်လိုက်ပြီးချက်ချင်းထထိုင်လိုက်တော့ ခေါင်းထဲဆစ်ခနဲကိုက်လာ၏။

"မင်းနိုးပြီလား"

"ဦးစူးရှ..."

သတင်းနားထင်လေးတစ်ဖက်ကိုဖိလိုက်ကာ ပြတင်းပေါက်နံဘေးကနေပြန်လှည့်လာသည့်ဦးရှဘာပြောမလဲစောင့်ရသည်။

ကင်းကဖုန်းပြောနေတာဖြစ်ကာ...

"နေရာသိရရင်တစ်ချက်လောက်ပြောပေးပါကိုညီ.."

"........."

"ကျေးဇူးပါ..ကျွန်တော်တို့နောက်ရက်မှဆုံကြတာပေါ့"

ဖုန်းချပြီးတော့မှ သူမလေးကထထိုင်မယ်လုပ်တော့နေရာပြင်ပေးရန်အနားသွားရသည်။

"ဘာသတင်းထူးလဲဟင်"

သူမကျောကိုခေါင်းအုံး‌လေးထောင်လိုက်ကပ်ပေးတော့ သတင်းကသူ့ကိုခပ်မော့မော့လေးမေးသည်။

"တွေ့တော့မှာပါ လေဆိပ်ကစာရင်းမှာ arrival date က တစ်နေ့ကလေ သူတို့ဘန်ကောက်ကနေပြန်မထွက်သေးဘူး ကိုယ့်အသိတွေနဲ့သက်ဆိုင်ရာကကူရှာပေးနေတယ်..မင်းမေ့နေတာတစ်ညနေရှိပြီ"

ဒီအချိန်အတွင်းသူကတော့ဖြန့်ကျက်လှုပ်ရှားခဲ့သလောက်သတင်းကအိပ်ရာထဲမှာ..

"အဟင့်"

"ဘယ်လိုဖြစ်ရတာလဲ..ရှာတွေ့မှာပါကွာ..သမီးကိုသူတို့ဘာမှမလုပ်ရဲပါဘူး..မငိုရဘူးလေ..မင်းငိုနေရင်ကိုယ့်မှာမင်းကိုလည်းပစ်မထားနိုင်သမီးအတွက်လည်းရတက်မအေးနဲ့စိတ်များနေရမှာပေါ့"

"သတင်း ဟင့် သတင်းအသုံးမကျတာ..သမီးလေးခြိမ်းခြောက်ခံထားရတာကို သတိလက်လွတ်နေလိုက်မိလို့အခုလိုတွေဖြစ်ကုန်တာ..သမီးလေးသူစိမ်းတွေလက်ထဲမှာကြောက်နေရှာမှာ..သတင်း..ဟင့်..သတင်းမကောင်းတာ"

သတင်းလက်ထဲမှာသမီးတစ်ခုခုဖြစ်သွားခဲ့ရင် သူကခွဲထုတ်သွားမှာလို့ပြောထားခဲ့တာ။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now