Part 4: Dreamer

4.8K 72 0
                                    

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"

တစ်လှမ်းချင်းချနင်းနေရသည့် မြေပြင်လွှာသည် သစ်ရွက်ဆွေးတို့ဖုံးလွှမ်းနေကာ ခြေရာထင်ကျန်လောက်အောင် စိုစွတ်နေ၏။ လေထုထဲတွင် စိမ်းရွှေသည့်အနံ့စူးစူးတစ်ချက်ရလိုက်ကာ..ထူပိတ်နေသည့်မြူလွှာထဲ၌ ငါးရိုးသဏ္ဌာန်ဆင်းကျနေသည့် သစ်ရွက်တို့ကခန်းဆီးလိုက်ကာစကဲ့သို့ တလူလူယိမ်းပါးနေကြသေးသည်။

သူ့ခြေလှမ်းထို့သည်လည်း မြန်သည်ထက်မြန်လာကာ ထိုလိုက်ကာစ‌တို့ထံသို့ အဓိပ္ပာယ်မဲ့စွာ တိုးတိုက်နင်းလျှောက်နေမိသည်။ အဓိပ္ပာယ်မဲ့စွာထက် ဘာမှန်းမသိသောတစ်ခုခု ဒါမှမဟုတ် တစ်စုံတစ်ယောက်အား ပြင်းပြစွာရှာဖွေနေမိခြင်းဖြစ်သည်။

"အဟင့် အဟင့် မလုပ်နဲ့ ဦးရှရေ ဒီမှာ..."

"တိတ်စမ်း"

"ကြိုးဖြည်လိုက်ပါမမ"

အသံတွေကြားရပြန်ပြီ။ နေဦး..ခပ်မာမာဖိဟောက်ပစ်လိုက်တဲ့ဒုတိယအသံက မိန်းမတစ်ယောက်အသံ၊ အထိတ်တလန့်အော်ပြီးတားလိုက်တဲ့ တတိယအသံက ယောက်ျားသံ၊ ပြီးတော့ ငိုရှိက်သံဗလုံးဗထွေးနဲ့ အော်ခေါ်နေတဲ့ပထမအသံက...ဟာ....။

ကြားလိုက်ရတဲ့အသံတွေကို ခွဲခြမ်းစိတ်ဖြာပြီးတာနဲ့ အသံလာရာအရပ်ကို အရှိန်ကုန်လှည့်ပြေးသည်။
ပြေးပြီးရင်းပြေးသည် ‌ထိခတ်ငြိမိသမျှ သစ်ကိုင်းအဖျားတို့က အင်္ကျီစတွေစုတ်ပြတ်သွားတဲ့အထိ နှိပ်စက်သည်။ ဆူးခက်တို့က သူ့ပါးပြင်ကို ခြစ်ရာအကြောင်းတို့ရေးဆွဲ၏။ ဘာကိုမှအမှူမထားပဲ ပြေးမြဲပြေးနေသည့် ကိုယ်ရှိန်သည် တနေရာအရောက် ရုတ်တရက်ရပ်တန့်သွားပြီး မြင်လိုက်ရသည့်မြင်ကွင်းကြောင့်...

"မလုပ်နဲ့"

အလင်းအလျင်နှင့်ထပ်တူမကျလျင်တောင် ‌အသံနှင့်ထပ်တူ ထိုသူတို့အနားသို့ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက် သူ့ကိုကျောပေးရပ်ထားသည့် မိန်းမ၏ပုခုံးမှဆုပ်ကိုင်၍ ရထားသံလမ်းဘေးသို့ရောက်အောင်တွန်းချလိုက်၏။

"စူးရှ ရှင်"

အလန့်တကြားမော့ကြည့်လိုက်သည့်ထိုသူမ၏မျက်နှာမှာ ချက်ချင်းသွေးစုတ်ဖြူလျော်သွားသည်ကိုဂရုမစိုက်အား‌ေတာ့ပါ။ သံလမ်းဇလီ‌ဖာတုံးနှင့်အတူပူးတွဲကြိုးချည်ခံထားရသည့် သတိလစ်မေ့မြောနေသောသူမလေးကိုသာ ကြိုးအမြန်ဖြည်နိုင်‌ေရး အသည်းအသန်ကြိုးစား‌ေနမိသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now