Season 2: Part 55

3.6K 105 13
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2,[Episode - 55]

"ဒယ်ဒီ"

".........."

"ဒယ်ဒီလို့"

"ဟင် အင်း သမီးလေး ဘာလိုလို့လဲပြော"

သမီးကိုအိပ်ပျော်အောင်မနည်းချော့သိပ်ထားရတာမို့ သူ့မှာညည့်နက်မှမှေးခနဲပျော်သွားတာပါ။
နာရီကြည့်လိုက်တော့ ညဆယ့်နှစ်နာရီတိတိ။

"မိုချီ စူစူးပေါက်ချင်လို့"

"လာ"

သမီးကိုပွေ့ချီပြီးရေအိမ်ပို့ပေးရသည်။

"ဒယ်ဒီတံခါးပိတ်‌ထားနော်"

"အင်းပါ ဒယ်ဒီပိတ်ထားတယ် စိတ်ချလက်ချသွား"

သူ့မှာဖြေလည်းဖြေရင်း ရယ်ချင်လာတာမို့အိပ်ချင်မူးတူးကနေမျက်လုံးပြူးလာရ၏။
ရေဆွဲချသံကြားလိုက်ပြီးမကြာလိုက်ပဲ မယ်မိုချီတို့ပြန်ထွက်လာသည်။

"finish?"

"finished"

တစ်ခါပြန်ပွေ့ပြီးအိပ်ရာပေါ်တင်တော့မှသမီးကဇာတ်လမ်းစလာ၏။

"မီးမီးလေးမာမီကိုသတိရတယ်"

သတင်းကိုတလာပြီသူဘယ်လိုဖြေရမလဲ။ နားထင်ကိုတို့ခြစ်ရင်းအဖြေပေးဖို့စဉ်းစားရသည်။

"သမီးလေးမာမီကနောက်တစ်လနေရင်တွေ့ရမှာလေ"

"ဟင့်အင်း အခုတွေ့ချင်တာ မာမီ့ကိုခေါ်ပေးပါနော်"

သနားစဖွယ်မျက်နှာပေးလေးနှင့်တောင်းဆိုနေသောမိုချီ့ကိုမငြင်းချင်ပေမယ့်...

"မာမီကအခုချိန်ဆိုအိပ်နေမှာပေါ့သမီးရဲ့..မနက်ကျမှဒက်ဒီဖုန်းခေါ်ပေးမယ်လေ"

"ဟင့်အင်း"

"သမီးကလိမ္မာပါတယ်"

"ဟင့်အင်း..."

"ဒယ်ဒီပုံပြောပြမယ်လေ ခုနကပြောတဲ့ ငလက်မလေးအကြောင်းလေ"

"ငလက်မလေးကတင်းပုတ်နဲ့ထုခံရလို့ခေါင်းပြားသွားပြီဆို မိုချီနားထောင်ချင်ဘူး"

ဟုတ်ပါ့။ သူကလည်းသူပဲ။ fairy tale တွေပြောရမယ့်အစား သေတာကြေတာတွေကလေးကိုအိပ်ခါနီးပြောရတယ်လို့။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now