Season 2 : Part 57

3.6K 122 22
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 57]

"ကင်း ငါတို့ရောက်ပြီ"

လေပြေ့ထံမှဖုန်းဝင်လာတော့ အေးချမ်းကိုတံခါးဖွင့်ပေးခိုင်းဖို့ညွှန်ကြားရသည်။

"တာယာမပါဘူးလား"

တာယာပါရင် ခြံတံခါးလျှို့ဝှက်ကုတ်ကိုကိုယ်တိုင်ဆင်းဖွင့်ပြီးဝင်လာမှာသိလို့မေးလိုက်တာဖြစ်၏။

"သူမရှိဘူးလေ..သားသားနဲ့အမေတို့အိမ်ရောက်နေတာ မကြီးဆေးရုံတက်နေတာသတင်းမေးရင်းပေါ့ သူလည်းလစေ့နေပြီလေ ဒါနဲ့ သတင်းလည်းပါတယ်"

လေပြေကမောင်းသူနေရာကနေတံခါးဖွင့်ဆင်းလိုက်တော့ ဘေးကခုံမှာပါလာသည့်သတင်းကိုတွေ့လိုက်ရ၏။

သူလေပြေ့ကိုစကားမပြန်မိပဲကားထဲကမဆင်းသေးသည့်သတင်းကိုစိုက်ကြည့်နေမိ၏။

"သတင်းကငါ့အိမ်အလည်ရောက်နေလို့ပါ ကလေးနေမကောင်းဘူးဆိုတာဖုန်းဝင်လာတော့မအေလုပ်တဲ့သူကစိတ်ပူပြီးလိုက်လာရှာတာ မျက်လုံးစိမ်းနဲ့ကြည့်မနေနဲ့"

လေပြေကအသာကပ်ပြီးခပ်တိုးတိုးသတိပေးလိုက်ကာ သူမကိုယ်တိုင်ပဲ...

"သတင်း..ဆင်းလေညီမလေး မမပြောပြီးပြီ"

ထိုတော့မှတစ်ဖက်တံခါးဝကနေ ခရစ်စတယ်လေးတွေတဖျတ်ဖျတ်လတ်နေသည့်သဲကြိုး‌ေလးနှင့်အသား‌ေရာင်စလစ်ပါဖိနစ်‌ေလးနှင့်အတူခြေခုံဖြူဥဥလေး‌ေတွခြေစုံချလာ၏။

"လာညီမလေး"

"ခေါ်လိုက်ဦးကင်းရဲ့"

ဒီလေပြေတစ်ယောက်နဲ့ခက်တော့နေပြီ။
သတင်းကသူ့ကိုကြောက်ပြီးတွန့်ဆုတ်နေတာမဟုတ်ပဲ မခေါ်ချင်မပြောချင်လို့တုန့်ဆိုင်းနေတာမသိဘူးထင်ပါသည်။

"သမီးက အပေါ်ထပ်ကကိုယ်တို့အခန်းမှာ"

ကိုယ်တို့ဆိုသည့်သူ့အသုံးအနှုန်းကြောင့် သတင်းမျက်ဝန်းလေးတွေဖျက်ခနဲဝင့်တက်လာကြ၏။

"ဆောရီး..ကိုယ့်အခန်းထဲမှာ"

ကင်းသည်လည်းသူမအမူအရာကြောင့်စကားကိုချက်ချင်းပြင်လိုက်ရကာ...

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now